တောင်းပန်ပါတယ် ဆန်းစုလိုင်းမမိတဲ့ အဒေါ်အိမ်အလည်သွားဖြစ်နေလို့ပါ အခုပုံမှန် updatedလုပ်သွားတော့မှာပါ ကျေးဇူးတင်ပါတယ် ရှင့်
************************************
"ဗျာ .... မမခ ကျွန်တော်မဟုတ်ဘူးနော် တကယ်ပါဗျာ ကျွန်တော် အဲ့လူကြီးနဲ့ အတူမနေရသေးပါဘူး... ကိုစက် ပြောပေးပါဦးဗျာ ... "
ကျွန်တော့်ကို စစ်ကူတောင်းနေသည့် ချစ်ရသူ၏ မောင်လေး တနည်းအားဖြင့် ရန်သူတော်ကြီး၏ ကြင်သူလေး...
လုံးဝဘက်မလိုက်ပါ .. ကျွန်တော်က ခလေးဘက်ကပဲ ...ပခုံးလေးတွန့်ကာ မသိဘူးလေလုပ်ပြသည့် ယောက်ဖကလည်း မမခကို ကြောက်နေရသည်မို့ အပြစ်မဆိုသာ ... ဒါဒင်းကြောင့် ...
"တောက်!"
"အောင်မလေး ဇံလေး ... ဘာလို့တောက်ခေါက်ရတာလဲ... "
"မဟုတ်ပါဘူး မမခရယ် ယုံပါနော် ကျွန်တော်က မမမောင်ပါ ဘာလို့သူ့ကိုယုံနေရတာလဲ..."
"သူက ပေါ်တင်ကြီးပြောနေလို့ မမခက မေးကြည့်တာပါ ဇံလေးဘာပဲဖြစ်ဖြစ် မမခရဲ့မောင်လေးပါပဲ .... ဒါပေမယ့်ဇံလေး ... မမခကို မလိမ်ရဘူးနော် မမခက လိမ်ရင်ခွင့်မလွှတ်ဘူး... သိတယ်နော် .."
"ဟုတ်ကဲ့ သိပါတယ် မမခ ကျွန်တော်ပြန်လိုက်ဦးမယ်နော် နက်ဖြန် အတန်းရှိသေးတယ်"
"သေချာပြန်နော် ဇံလေး..."
"ကိုယ်လိုက်ပို့လိုက်မယ် ခလေး ... လာ ဇံ"
မောင်လေးနှင့်ထွက်သွားသော သူ့ကိုကြည့်ရင်း ခသက်ပြင်းချမိသည်... သူက ခမိသားစုအပေါ် မကြည်ဖြူပေမယ့် ခစိတ်ဆိုးမည့်အလုပ်ကိုတော့ မလုပ်ခဲ့ပါ....
💦💦💦💦💦💦
လှေကားကနေဆင်းဆင်းချင်း အထိုးခံလိုက်ရတာကြောင့် ကျွန်တော် ပိစိကို ကြည့်ရင်းပြုံးလိုက်သည်... သေချာပြီဒါ သူ့အမ ကျွန်တော့်မရီးကမေးလိုက်ပြီမို့....
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....