Be Paid 11

124 5 0
                                    

" မရှိဘူး "

ဟုတ်​ပါရဲ့ သူလိုလူက ဘယ်​လိုချင်​တာရှိပါ့မလဲ

"ဒါ​ပေမယ့်​ .. .. ကျွန်​​တော်​ ခင်​ဗျားကို အကူအညီ​တောင်းစရာ​တော့ ရှိတယ်​ "

အကူအညီတင်​မကဘူး အသက်​ပါ​ပေးနိုင်​တယ်​ ပိစိ ..

"​ပြောပါ မင်းဘာလိုချင်​လဲ "

"ခင်​ဗျားေ​ဘးမှာ အလုပ်​လုပ်​ချင်​တယ်​ ကျွန်​​တော့်​thesis အတွက်ပါ .. "

"ဘာများလည်း လို့ ပိစိရာ ရပါတယ်​ "

ကျွန်​​တော့်​​ဘေးမှာ ​အလုပ်​လုပ်​မှာတဲ့ ဟိုးး ကျွန်​​တော်​က ပို​တောင်​ကြိုက်​​သေးတယ်​ ... အမြဲ ပိစိမျက်​နှာ​လေးကိုမြင်​​​နေရမှာ မလား...

"အ​ပြော​စောလှချည်​လား ကျွန်​​တော်​​ပြောတဲ့ အလုပ်​​နေရာက ခင်​ဗျားတင်​သွင်း​နေတဲ့ Crystal ထိပါလုပ်​ချင်​တာ​နော်​ "

ပိစိ ... ကျွန်​​တော်​အံ့သြသွားရသည်​ ။ လုံးဝထင်​မထားပါ .. Crystal ဆိုတာ မူးယစ်​​ဆေးဝါး ဖြန့်ဖြူး​နေ​သော ကျွန်​​တော်​ပိုင်​ဆိုင်​တဲ့ တရားမ၀င်​ စီးပွား​ရေး ပါ ။ ရဲ၊ စစ်​တပ်​ ၊ စီးပွား​ရေးသမား ... လူရင်းမဟုတ်ရင် ​​​​ဘယ်​သူဘယ်​၀ါမှ စုံစမ်းလို့မရ​သော စီးပွား​ရေး.. . ဒါကို ပိစိက ...

"မင်း .. ဘယ်​သူလဲ "

"Oh oh .. ခင်​ဗျားကလည်း တကယ်​အဖိုးကြီးပဲ ဇိုင်းဇွဲဇံ​လေ "

"မင်း မလှိမ့်​တပတ်​မလုပ်​နဲ့ ​ပြော မင်းကိုဘယ်​သူက လွှတ်​လိုက်​တာလဲ .."

"အိုးဟိုး ​ပြော​တော့ ကျွန်​​တော့်​ ကိုချစ်​တယ်​ဆို အို လူ​တေများ ခုတစ်​မျိုး​တော်​ကြာတစ်​မျိုးပါလား ခင်​ဗျား မကူညီချင်​လည်း ရပါတယ်​  ကဲ ပြန်​ဦးမယ်​ဗျာ ညနက်​​တော့မယ်​ "

ပြန်​ရန်​ ကားတံခါးကိုဖွင့်​​နေ​သော သူ့အား ကျွန်​​တော်​တားမိသည်​။

"မင်းက ဘာပြန်​​ပေးမှာလည်း "

"အွန်းးး  kiss ​လောက်​ဆို တန်​မလား"

ပြုံးပြုံး ပြုံးပြုံးနဲ့ ​ပြော​နေတဲ့ ပိစိကို အသည်းယားလာသည်​။ ​မှောင်​ခို​ဈေးကွက်​ထဲ သူ့ကို မဆွဲသွင်းလိုတာ​ကြောင့်​ ငြင်းဆန်​​နေတာကို ပိစိက စကားအလိမ္မာ​တေသုံးကာ လှည့်​ဖျား​နေပြီမလား ....

Be PaidWhere stories live. Discover now