"Boss , bossရှာခိုင်းထားတဲ့ translater ရပါပြီ ညနေ landon ကအုပ်စုတေနဲ့ ချိန်းထားတဲ့အချိန်မှ ခေါ်လိုက်ရမလား bossစစ်ဦးမလား"
"ညနေမှခေါ်လိုက်ပါ "
⚡⚡⚡⚡
"Boss သူရောက်ပါပြီ "
အတွင်းရေးမူးပြတဲ့ သူက ခပ်သေးသေးလေးရယ် ... ဒါက language 5မျိုးတတ်တဲ့ သူလား ကလေးလား ...
"မင်းလူကလည်း ပိစိပါလားဟ ဟုတ်ကောဟုတ်ရဲ့လား "
"ဘာဗျ ခင်ဗျား ဘာစကားပြောတာလည်း အရည်အချင်း ကိုအရည်အတွက်နဲ့ တိုင်းတာလို့ မရဘူးဆိုတာ ခင်ဗျား မသိဘူးလား"
အံမယ် အံမယ် ကျွန်တော်ပြောတာလွန်လို့လား လူကြည့်တော့ ဘောင်းဘီကတိုတို အကျီင်္ ကပွပွ ဆံပင်က ငှက်သိုက်နဲ့ ပုပုသေးသေးလေး .. .
ပြောလိုက်တဲ့ စကားလုံးက လေတစ်လုံးမိုးတစ်မိုး..."Boss , ဧည့်သည်တေ ရောက်ပါပြီ "
အတွင်းရေးမူးစကားကြောင့် ရန်ဆက်မဖြစ်ဘဲ အလုပ်စကားဆိုကြတော့ .. အမယ် ပိစိက ဘယ်ဆိုးလို့လဲ အသံထွက် မှန်မှန်နဲ့ ကျွန်တော်ပြောသမျှ ပြောနိုင်တဲ့အပြင် အခုမှသိတဲ့သူနဲ့ ရယ်တောင်ရယ်နေသေး..
"ကဲ အလုပ်လဲပြီးပြီဆိုတော့ တာဝန်ကျေပြီ ရော့ ဒါမင်း အမြှုပ်ထွက်ခ "
"ဘာဗျ ခင်ဗျားနော် စကားပြောတာ သေချာပြော လုပ်တဲ့အလုပ်ကCEO ပြောတဲ့စကားက ဂွကျကျ ချောလိုက်တဲ့ ရုပ်ကလေးနဲ့မှ မလိုက် "
အံမယ် ကြည့်စမ်း သူကျွန်တော့ကို ဂွကျတာတေ မကျတာတေ ပြောနေတာတောင်မှ ချောလိုက်တဲ့ ရုပ်ကလေးဆိုတာကိုပဲ ပြုံးနေတာပါလား ...
မဆိုးဘူး ပိစိ မင်းငါ့ကိုပြုံးအောင်လုပ်နိုင်တယ်.."Sorry ကွာ ရော့ပိုက်ဆံ မင်းပြန်လို့ရပြီ "
"ခင်ဗျား စကားတေက ရင့်လှချည်လားဗျ ဒီမှာ ဇိုင်းဇွဲဇံ တို့က ပိုက်ဆံ ဆိုတာ မရှားဘူး experience လိုချင်လို့ အလုပ်လုပ်တာ ရှင်းလား ... မယူဘူး ခင်ဗျား ပိုက်ဆံ သူတောင်းစား လှူလိုက် အဲ့ဒါမှ ခင်ဗျားဘ၀ကူးကောင်းမှာ "
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....