မပြန်ချင့် ပြန်ချင် နှင့် ပြန်လာရသောကြောင့် သူမလေး မကျေနပ်ပါ။ မနက်၁၁ကသွားပြီး ညနေ၆နာရီပြန်လာရတာတဲ့ ဟွန့် ခဏလေးရယ် မေမေနဲ့ စကားပြောလို့က မ၀သေးဘူး ၊မောင်လေးလဲ အခုမှ ကျောင်းကပြန်လာတုန်း သူမလေး မမနှင့်လဲ စကားပြောချင်သေးသည် ။ သို့သော် သူက ဘေးနားလိုက်ကပ်နေတာနှင့် ဟိုဟာမပြောရ ဒီဟာမပြောရနှင့် သိပ်မုန်းဖို့ကောင်းတဲ့ လူကြီး...
"ခလေး ထမင်းစားရအောင်လေ နေ့လည်စာ နည်းနည်းလောက်ပဲ စားထားတာမလား"
"ဟင့်အင်း ခ အိပ်တော့မယ် "
"ဟာ တကယ်လား အဲ့ဒါ ဆိုသွားအိပ်ရအောင် ကိုယ်လဲ အမှန်တော့ အိပ်ချင်နေပြီ ခလေး အားမရှိမှာစိုးလို့ ထမင်းအရင်စားခိုင်းတာ လာလာ ခလေး အိပ်ရအောင် "
ဟင့် သူနဲ့မအိပ်ချင်လို့ ထမင်းမစားတာပါဆိုမှ ။
"စားပါ့မယ် ဗိုက်ဆာပြီ မမစု ခကို ထမင်းပြင်ပေးပါဦး "
သိပ်သိတာပေါ့ ကျွန်တော် နဲ့မျက်နှာချင်း မဆိုင်ခြင် လို့ ထမင်းမစားဘဲ အိပ်မယ်ပြောတာများ ...
ငယ်ပါသေးတယ် ခလေးရယ်"ဟိုလေ ခ .... ခ... ခ ကို "
"ဘာများလဲ ခလေး ရဲ့ ပြောလေ "
"ဟို ဟိုဟာ ခ ဟိုဟာဖြစ်နေလို့ ဟို ..ဟို ..အခန်း... အခန်း ..."
"ဟင် ခလေး ဘာဖြစ်လို့လဲ အခန်းအပြင်အဆင် မကြိုက်လို့လား ပြောင်းခိုင်းလိုက်မယ်လေ မိသဲ ရေ "
"မပြောင်းခိုင်းပါနဲ့ ကြိုက်ပါတယ် ခ ဟို အခန်းခွဲ အိပ်လို့ရမလားလို့ "
မျက်လွှာလေးချကာ မ၀ံ့မရဲ ပြောနေတဲ့ သူမလေးက ကျွန်တော့် ဇနီးအသစ်စက်စက်ကလေး ဗျ ..
"မရပါဘူး ခလေးနဲ့ ကိုယ်က တရားဝင် လက်ထပ်ထားတဲ့ လင်မယား တေလေ လက်ထပ်ထားတဲ့ လင်မယား တေဆိုတာက ရောယှက်မှုတေ လိုအင်ဆန္ဒတေ ဖြည့်စည်းပေးမှုတေနဲ့ အတူပေါင်းစပ်ထားတဲ့ အရာ မဟုတ်လား ဘာလို့ ခွဲအိပ်ရမှာလဲ ခလေးရဲ့ အတူအိပ်ချင်လို့ ယူထားပါတယ်ဆိုမှ"
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....