"အား ... အာ့ ..... နာတယ် "
သူမလေးကို လိုချင်တယ် တောင်းဆိုမိကာမှ ကျွန်တော့်ကို လက်သည်းနဲ့ဆိတ်တယ်လေ .. သေပြီပေါ့ ဒဏ်ရာရထားတဲ့နားကို ...
"အာ နာ .. နာသွားလားဟင် .. ဘာလို့ ခကို အတင်း... အတင်း... ဟို "
"အတင်းဖက်ပြီး အတင်းလုပ်နေတာ..."
ရှက်ရှက်နဲ့ ကျွန်တော့်ကို ထပ်ဆိတ်ပြန်ပြီ.. အခုတလော ကျွန်တော် ဆေးရုံကဆင်းပြီးမှ သူမလေးတအားကို ကျွန်တော့်အပေါ် ရဲတင်းလာသည်။ အရင်ကဆို ကျွန်တော့် မျက်နှာကို စေ့စေ့မကြည့်ရဲ .. အခုတော့ မျက်စောင်းတောင် ပေါ်တင်ထိုးလာပြီ...
"မလုပ်တော့ပါဘူး ဒါပေမယ့် ကိုယ့်ဘေးနားမှာ နေပေးပါနော် ကိုယ် ခလေးဘေးမှာ မရှိရင် ခလေးတစ်ခုခုဖြစ်တယ်ဆိုတဲ့ အိမ်မက်ဆိုးတေမက်တယ် ..
ကိုယ့်ဘေးမှာ ဒီအတိုင်းလေးပဲရှိနေပေးပါ ....
လက်ကိုင်ပြီး အိပ်ရမယ်ဆိုလည်း ရတယ် ......
ခါးမဖက်နဲ့ဆိုလည်း မဖက်ဘူး ရတယ်ကွာ.......
ရင်ခွင်ထဲမထည့်နဲ့ဆိုလည်းလုံးဝမထည့်ဘူး...."ကျွန်တော် ကတိတေအထပ်ထပ်ပေးပြီးမှ သူမလေးက ကျွန်တော့် အနားလာအိပ်ပေးသည်။
သူမရဲ့ ကိုယ်သင်းနံ့မွှေးမွှေးလေး.. ....
shampooအနံ့လေး သင်းသင်းလေး....
အိစက်စက် သူမ ခန္ဓာကိုယ် သေးသေးလေး....
အရာအားလုံးက ကျွန်တော့်ကို နှစ်ချိုက်စွာ အိပ်ပျော်စေနိုင်သည်....💦💦💦💦💦💦
ဒီနေ့နဲ့ဆို ၇ရက်ပြည့်ပြီ .... တစ်ပတ် !! ပိစိကိုမတွေ့ရတာ တစ်ပတ်ရှိပြီ... ဟိုတစ်ခေါက် အထင်လွဲပြီးထဲကမတွေ့ရတာ ....
ကျောင်းကိုသွားရှာတော့လည်း မရှိ သူနေတဲ့ hotelကျပြန်တော့လည်း အခန်းကပြန်အပ်သွားပြီ.... ဖုန်းဆက်တော့လည်း ကြားထဲက ကောင်မလေးက နားပူနားဆာနဲ့ ....
လွမ်းတယ် ပိစိ ... တကယ်ပါ စိုင်းမင်းမာန် ဆိုတဲ့ ကျွန်တော့်ရာဇ၀င်မှာ ကောင်မလေးတေရော ကောင်လေးတေရော အကုန်လူမျိုးစုံ sizeစုံ တွဲခဲ့ပေမယ့် ဂနာမငြိမ်တာ တစ်ခါတစ်လေတောင်မှ မရှိခဲ့ဘူး အခုလို ဘာအလုပ်မှ စိတ်မ၀င်စားဘဲ ထမင်းစားချိန်တောင် သတိမရနိုင်သည်အထိ ပြုစားဖူးတာ ပိစိက ပထမဆုံးပဲ...
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....