Be Paid 9

119 6 0
                                    

ဆေးရုံ VIP room ထဲမှာ ​မေ့​ဆေး​ကြောင့်​ အိပ်​​မောကျ​နေတဲ့ သူ့ကိုကြည့်​ရင်း ခစိတ်​​တေ​ခြောက်​ခြားလာသည်​...
အကယ်​၍ ဆိုတာများ...
ဟင့်​အင်း ခသူ့ကို ​သေ​စေချင်​​လောက်​တဲ့အထိ​တော့မမုန်းပါ......

"သခင်​မ​လေး ကိုယံက ​ပြောစရာရှိလို့တဲ့ "

ကိုစစ်​ ခကို​ပြောမှ ခသတိရသည်​။ ခက သူ့ရဲ့လူနာရှင်​ မလား.. အဲ့ဒီအသိက ခစိတ်​ကို ရိုက်​ခတ်​လာသည်​ကို ခပဲသိသည်​...

"ကိုစစ်​ ​စောင့်​​ပေးပါဦး ခ သွားလိုက်​ဦးမယ်​ "

"ဟုတ်​ကဲ့ သခင်​မ​လေး "

"​ဒေါက်​ ​ဒေါက်​ Dr. "

"ဪ ခ လာ​လေ ထိုင်​ပါဦးဗျာ ကျွန်​​တော်​ ​မနက်​စာမစားရ​သေးလို့ပါ .. "

"ဟုတ်​ ရပါတယ်​.. ​ဖြေး​ဖြေးစားပါ "

မနက်​စာကို ပလုတ်​ပ​လောင်းစားရင်း ​ဖြေ​နေတဲ့ Dr.​နေမင်းယံကို ခအားနာမိသည်​။ သူ့ခဗျာ မ​နေ့ညထဲက စက်​အာဏာလျှံ ဒဏ်​ရာကို ချုပ်​​ပေး​နေရတာနဲ့ ...

မှန်​တာ​ပေါ့ ... မ​နေ့က ခတို့ ရုပ်​ရှင်​ကြည့်​ပြီးအပြန်​ 
ည​ဈေးမှာ လုပ်​ကြံခံရသည်​။ သူ့ကို ရန်​ညှိုးရှိလို့ လုပ်​ကြံတာထက်​ ..
ခသာ တစ်​ခုခုဖြစ်​ရင်​ သူ့ကိုပိုပြီးထိခိုက်​မယ်​ဆိုတာကို သိ​နေတဲ့သူ​တေက ခကိုပစ်​မှတ်​ထားခဲ့သည်​...

ဟို​ငေးဒီ​ငေး​ ​ငေး​မော​နေတဲ့ ခအစား သူကသာ ခကိုပစ်​တဲ့ ကျည်​ဆံကို ၀င်​ခံခဲ့သည်​.. သနတ်​ကမကြားရ​ပေမယ့်​ သူ့ရဲ့ မိုးပြာ​ရောင်​ အကျီင်္​လေးမှာ ရဲရဲနီ​နေတဲ့ ​သွေး​တေက ​နေရာယူခဲ့သည်​...

ထိုညနက်​ပိုင်းထဲက Dr.မှာ အ​ခြေအ​နေ​တေ တည်​ငြိမ်​သည်​အထိ ​စောင့်​​ပေးရင်း တခြားလူနာ​တေလည်းကြည့်​ရင်း မအားမလပ်​ဖြစ်​ခဲ့ရသည်​။

"ရပါပြီ sorryပဲဗျာ ခကိုအားနာလိုက်​တာ "

"မဟုတ်​တာ Dr.ကို​ကျေးဇူးတင်​​နေတာပါ ... ဟိုသူဘယ်​လို​နေ​သေးလဲ ဟင်​..."

"သူဆိုတာ ... ဪ အာဏာ ကို​ပြောတာလား ​ခေါ်ပုံ​လေးက ထူးဆန်းတယ်​​နော်​ ..."

Be PaidWhere stories live. Discover now