နေရောင်ခြည်ခပ်နွေးနွေးကြောင့် သူမ မျက်လုံးများ ပွင့်လာသည်နှင့် မြင်လိုက်ရတာက ဖြူဖွေးတဲ့မျက်နှာထက်ဝယ် မှောင်ရိပ်ခိုနေသည့်သွယ်တန်းနေသော မျက်ခုံး ဖြောင့်စင်းနေသောနှာတံ နှင့် ယောကျားင်္ ပီသအောင်ပို့ဆောင်ပေးနေသော နှုတ်ခမ်းမွေးစိမ်းစိမ်းလေးက ခပ်ရေးရေး ...
သူမ မြန်မြန်ဆန်ဆန် နောက်ဆုတ်လိုက်သည်နှင့် သူသက်ပြင်းချသံကို ကြားလိုက်ရသည်။"နိုးပြီလား ခလေး .. ဗိုက်ဆာနေပြီလား ဘာစားချင်လဲ မိသဲကို သွားဝယ်ခိုင်းလိုက်မယ် "
သူမေးတာကို ပြန်မဖြေဘဲ ခေါင်းလေးသာငုံ့နေတာကြောင့်
"ခလေး နေမကောင်းဘူး လား မှန်းစမ်း ဟင် "
သူ့လက်အလှမ်း သူမလေးခေါင်းခါ၍ မ၀ံ့မရဲ ပြောသည်။
"ခ အိမ်ပြန်ချင်တယ် "
သူမပြောစကားကြောင့် အသက်၀၀ရှူ၍ စိတ်ကိုတင်းကာ
"မပြန်ရဘူး ခ ဒီအိမ်က မင်းအိမ်ပဲ မင်းမှတ်ထားဖို့က နောက်တစ်ကြိမ် မင်းဒီအိမ်ကနေ အပြင်ခြေတလှမ်း လှမ်းကြည့် မင်းအဖေ company က share တေ မင်းအမေရဲ့ လောင်းကစား အကြွေးတေ မင်းအမ လုပ်နေတဲ့အလုပ် မင်းမောင် တတ်နေတဲ့ကျောင်း ဟွန်း အကုန်လုံး zeroဖြစ်သွားစေရမယ် "
"ဟင့်အင်း ဟင့်...အင်း ... မေမေတို့ ဖေဖေတို့ကို ဘာမှမလုပ်ပါနဲ့နော် ခ. ခက အိမ်ပြန်ချင်တာ သတိရရုံပါ တောင်းပန်ပါတယ် နော် ခမိသားစုကို ဘာမှ မလုပ်ပါနဲ့နော် ခ ဒီမှာ နေပါ့မယ် ပြီးတော့ ဘယ်မှလဲမသွားတော့ပါဘူး ခ တောင်းပန်ပါတယ် နော် "
စကားလေးနဲ့ ပြောရုံလောက် ကလေးကိုပင် သူမလေး ကြောက်နေသည်။ သူမအတွက် နဲ့ သူမ မိသားစု ကို ထိခိုက်မှာတော့ စိုးရိမ်လွန်းလှသည့် သူ၏ ချစ်ရသော မိန်းကလေး အား သူ့အနားခေါ်ထားခွင့်ရမည် ဆိုပါက သူတစ်နေ့လုံး ခြိမ်းခြောက်စကား ပြောနိုင်သည်။
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....