"ပိစိ မင်းဘယ်မှာလဲ "
"ဇံလေး ရေချိုးခန်း နေတယ် "
ပိစိဖုန်းကို ဘာလို့ မိန်းကလေးကိုင်ရတာလဲ ...
"သူ့သူငယ်ချင်း ပါ အခုဘယ်မှာလဲ မသိဘူး"
"Golden city hotel"
တောက် !ဒီကောင် ဒီလောက်ည နက်နေပြီကို ကောင်မလေး နဲ့ hotel .. ရေချိုးနေတယ်
တဖက်က ဘာဆက်ပြောလဲ မကြားနိုင်လောက်အောင်ကို ထူပူသွားမိသည်...
💦💦💦💦💦"ဂျောက် ! "
တံခါးဖွင့်သံကြောင့် မမသံသာရော ကျွန်တော်ပါ လန့်သွားရသည်...
"ပိစိ မင်း!"
"ခင်ဗျား ! ဘယ်လိုဖြစ်ပြီး ... "
"ဘယ်သူလဲ ဇံ "
"ဗျာ ဪ ဟို သူက ကျွန်တော့်သူငယ်ချင်း အကိုပါ ဟို.. ကိုကြီးမာန် ဒါ ကျွန်တော့် အမသဲသံသာတဲ့ "
အမ ... အမတဲ့လား ... တော်ပါသေးရဲ့ ..
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ကျွန်တော့်ညီကို လာရှာတာပါ အနှောင့်အယှက် ဖြစ်သွားရင် sorry ပဲဗျာ ... "
"ရပါတယ် ဇံ မမပြန်တော့မယ် အိမ်ပြန်လာခဲ့ဦး ဖေဖေဆူနေတယ် "
"ဟုတ်ကဲ့ပါ မမ "
မမပြန်သွားသည်နှင့် ဟိုလူ့ဆီ ကြည့်ပြီး ဒေါသက ထွက်လာရသည်။ ဘယ်ကနေဘယ်လိုရောက်လာတာလဲ မသိ..
"ခင်ဗျား ဘယ်လိုရောက်လာတာလဲ "
"မင်းအမ အရင်းဟုတ်ပါတယ်နော် "
"ခင်ဗျားအပူမပါဘူး မေးတာကိုဖြေ "
ရင့်သီး လိုက်တာ ပိစိရာ သူ့အမကိုကျ ဟုတ်ကဲ့ တဲ့ ကျွန်တော့် ကျ ခင်ဗျား တဲ့ .. အဲ့ဒါ တေကဆွဲဆောင်တာ ...
"မင်းအမက ချောတယ်နော် "
"ခင်ဗျား အပူမပါဘူး ခင်ဗျား လို play boy လက်ထဲ ကျွန်တော့် အမ အပါမခံနိုင်ဘူး "
"Oh!.. oh သိလှချည်လား ပိစိရ မင်း ငါ့အကြောင်းတေစုံစမ်းထားတာလား ."
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....