ဒဏ်ရာပျောက်သည်အထိ ကလေးလေးက ကျွန်တော့်ကိုသူမအနားကပ်ခွင့်မပေး...
ဒီကကောင်က နူးညံ့တဲ့သူမလေးကို ချစ်စိတ်တေကထိန်းမရ ...
ဟာ... ရူးရချည်ရဲ့ .."ဘာမှ ရှုံ့မဲ့မနေနဲ့ ခမနက်ဖြန်သွားစရာရှိလို့ ကိုစစ်လာနေပေးလိမ့်မယ် ."
ချက်ချင်းကို ခက်ထန်သွားသော စက်အာဏာလျှံ.. ..
"ဘယ်ကိုလဲ ဘာလုပ်ဖို့လဲ ... ဘယ်သူနဲ့ ... ဟာကွာ .... မရဘူး မသွားနဲ့ .."
Wh questionတေထုတ်ကာ အူပုတ်နေသော သူ့ကိုကြည့်၍ ခရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည် ...
ခသူ့အတွက် လက်ဆောင်တချို့ပြင်ဆင်ပေးမှာမို့ .... ခခဏလောက်လေး အပြင်သွားမှာပါ ... အဲ့ဒါကို ခရီးဝေးသွားတာလည်း မဟုတ် ... တအားဆူပုတ်နာ ..."အဲ့ဒါ ခကိုယ်ရေးကိုယ်တာပါ ... ဒဏ်ရာက ခကြောင့်ဖြစ်တာမို့ ခဂရုစိုက်ပေးနေတာ .... ကျန်တာတေအထင်လွဲမနေနဲ့ .... ခပြောတာ နားလည်မှာပါ ... ဆေးသောက်လိုက်ဦး "
အကန်စကားလုံးတေချည်ပဲ ပြောသွားသော ချစ်ရသူလေး.... အခုထိ စိတ်နာတုန်းထင်ပါရဲ့
ထွက်သွားတဲ့ သူမလေးကျောပြင်ကိုကြည့်ရင်း အရိုင်းဆန်တဲ့စိတ်တေကို အပြစ်မဲ့တဲ့ အခန်းတွင်းက နံရံပေါ် ပေါက်ကွဲပစ်လိုက်တော့မှ စိတ်က သက်သာသွားသလို...
💦💦💦💦💦
အိမ်မက်ဆိုးက လန့်နိုးလာသည်မို့ လူကခြောက်ခြားစွာ... အိမ်မက်ထဲမှာ ကလေးလေးအိမ်ကထွက်သွားသည်တဲ့ ... ဘယ်လိုတားတား တားမရဘူး..
အိမ်မက်ဆိုတာ သိပေမယ့် ရင်မအေးနိုင် ... ရင်ထဲပူနေလို့ အောက်ထပ်ဆင်းကာ ရေလာသောက်ပေမယ့် မှောင်မဲနေသည့် တစ်အိမ်လုံးက ဦးနှောက်ကို အလုပ်ပေးသည်...
ညနေကလာကြည့်ပေးတဲ့ စစ်ကိုလည်းမတွေ့ ... မည်သူမှလည်းရှိမနေ ...
လှေကားကနေဆင်းလာစဉ် ဖျက်ခနဲလက်သွားသည့် ဖယောင်းတိုင်မီးအလင်းရောင် ... ကိတ်ကိုကိုင်ထားကာ Birthday songသီဆိုနေသည့် အသံလေးက ....
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....