တီ... တီ... တီ... တီ... တီ...
"လူနာကသွေးလိုနေပါတယ် O minus (O-) ပါ သွေးတူရှိသလားမသိဘူး..."
ဆေးရုံမှာ ရုတ်ရုတ်သဲသဲဖြစ်သွားပြီးတဲ့နောက် အဖြူရောင်ကုတင်ထက်မှာ ဖြူလျော့စွာလဲလှောင်းနေတဲ့ သူ...
အမြဲဂျယ်လ်လိမ်းပြီး သပ်ရပ်နေတဲ့ ဆံပင်တေက ပျော့ပျောင်းပြီး ရှုပ်ပွနေတဲ့ သူ...
"၁လရှိပြီ ကိုကို.. ... ပြန်လာခဲ့ပါတော့ ... "
💦💦💦💦💦
တံခါးဖွင့်ဖို့ ကြံရွယ်နေတဲ့ ကျွန်တော့်လက်တေ ငြိမ်သွားသည်... မမခကို ကာကွယ်ရင်း ကိုစက်ဆေးရုံရောက်ခဲ့တာ ကြာပြီ...
အသက်လဲပြီးချစ်ပြခဲ့လို့လည်း မမခလည်းနောင်တတေရနေပါပြီ ကိုစက် .... ခင်ဗျားကျွန်တော့် မမခကို ငိုအောင်လုပ်နေပြီ..
"မမခ ... ထမင်းစားပြီးပြီလား မစားရသေးဘူးမလား.... သွားစားလိုက်ပါ ကျွန်တော်စောင့်ပေးမယ် ..."
"မဆာပါဘူး မောင်လေးရယ် .... တစ်ယောက်ထဲလား .... ကိုမာန်ရော မပါဘူးလား... "
"မပါဘူး ... သူနဲ့ ရန်ဖြစ်ထားတယ် .."
ဆူပုတ်ပြီးပြောနေတဲ့ ဇွဲဇံလေး... သိပ်ချစ်ဖို့ကောင်းလို့လည်း ဟိုက ချစ်နေတာနေမှာ...
"ဇံလေးနော် ကိုမာန်ကချစ်တယ်ဆိုပြီး တအားဂျီမကျပါနဲ့ သူ့ခဗျာ ငါ့မောင်လေးကို တအားချစ်ရှာတာ... တော်သေးတာပေါ့ မမခဖြင့် ပြန်ပေးဆွဲခံရတုန်းက ဇံလေးတစ်ခုခုဖြစ်မှာစိုးနေတာ ... ကိုမာန်ကြောင့်သာ မဟုတ်ရင် ... သူ့ကို ဂရုစိုက်ပါဇံလေး... ပြီးမှ မမခလိုနောင်တမရစေနဲ့..."
မမခစကားကြောင့် ကျွန်တော် သက်ပြင်းအရှည်ကြီးချလိုက်မိသည်.... ဟိုလူကြီးက ကျွန်တော့်ကို သေနတ်မထိအောင်ကာကွယ်ပေးခဲ့တာ... ကံကောင်းတာက သူက ရှပ်ထိရုံပဲမို့ ... အသက်ပေးပြီးကာကွယ်တဲ့ သူ့အချစ်ကို အသိအမှတ်ပြုပေမယ့် ချစ်သူတစ်ယောက်အနေနဲ့ ဆိုတာက နည်းနည်းတော့ဂွကျနေသေးတယ် ...
YOU ARE READING
Be Paid
Romanceရဲရင့်ပြီး ပြတ်သားတဲ့ စက်အာဏာလျှံ က ဦးလေးမိန်းမ၏ နောက်ယျော်းမှ ရသော ချစ်ခြင်းခအား အပိုင်သိမ်းလိုက်သောအခါ.... ချစ်ခြင်းခ မောင်လေး ဇိုင်းဇွဲဇံ ကို စက်အာဏာလျှံ ပြိုင်ဘက် စိုင်းမင်းမာန် မှ ချစ်မိသွားရာ....