Ep-1

27K 1K 48
                                    

#Unicode
ခွမ်း...ခလွမ်း...


"ဒီမှာ ဦးလူမင်းထက် ကျွန်မ ရှင့်ကိုဆက်ပြီး
သည်းမခံနိုင်တော့ဘူး။ ဒီအတောအတွင်း သားလေးရဲ့မျက်နှာကြောင့်
သည်းခံနေခဲ့တာ။ ရှင်အပျော်ရှာနေတာတွေ ဘယ်တော့မှရပ်မှာလဲ"


"မင်းက ငါလိုချင်တဲ့သာယာမှုမှ မပေးနိုင်တာ။
ဒီမယ် ဒေါ် ကြည်ဖြူခင် မင်းငါ့အပေါ် ဝတ်ကျေတန်းကျေ ဆက်ဆံနေတာတွေ တော်တော့။မိဘတွေပေးစားလို့ ယူခဲ့ရတဲ့
ငါ့အပေါ် မင်းရဲ့စိတ်ထဲကမပါတဲ့ ကြင်နာမှုတွေနဲ့ လာဟန်ဆောင်မပြနဲ့"


"ဒီမယ် ကျွန်မရှင့်ကို အတော်သည်းခံခဲ့ရတာ။
ကြာပါတယ် ခုပဲ ကွာရှင်းကြစို့။ ရှင့်မယားငယ် အိမ်ရှေ့မှာ စောင့်နေတယ်။ ခု ချက်ချင်းဒီအိမ်ထဲက ထွက်သွားတော့"


"ရတယ်လေ..."


ထိုအခြင်းအရာများကို အရိပ်အကဲသိတတ်သော ငါးနှစ်အရွယ်ကောင်လေး ရွှေရေးထက်ဟာ
မျက်ရည်ရွှဲလည်းနဲ့ အသံမထွက်အောင် ငိုကာ ကြည့်နေသတဲ့...


"ဖေဖေ ဖေဖေ မသွားပါနဲ့ သားတို့ကို ထားပြီး မသွားပါနဲ့ အီးဟီးဟီး"


မငိုဖို့ စိတ်ထဲက တင်းခံထားသော်လည်း စာရွက်တစ်ခုပေါ်တွင် ဖေဖေ ရေးခြစ်ပြီး အထုတ်ဆွဲကာ အိမ်ထဲက ထွက်သွားမည်မို့ ရွှေရေး တားမိလိုက်သည်။


"ဖေဖေ...ဖေဖေ"


ရွှေရေး ဘယ်လောက်ပဲ တားနေသော်ငြား လက်ကိုဖြုတ်ချကာ မိန်းမတစ်ယောက်နှင့်အတူ အေးအေးဆေးဆေးထွက်သွားသော ဖေဖေ့ရဲ့ ပုံစံကို အရိုးထဲစွဲနေအောင် မှတ်ထားမိလိုက်သည်။


"ဒီမယ်သား ရှေ့လျောက် သားရဲ့ ဘဝမှာ အဖေဆိုတာမရှိတော့ဘူး။ အမေပဲရှိတယ်။ ငါ့သားလေး ရှိရင် အမေ့ဘဝပြည့်စုံပြီ"


နွေးထွေးသော အမေ့ရင်ငွေ့နွေးနွေးကြောင့် ရွှေရေး အနည်းငယ် စိတ်သက်သာရာရခဲ့ပေသည်။


ထိုနေ့ကစပြီး ကျွန်တော့်ဘဝထဲတွင် အဖေဟာ သေလူဖြစ်ခဲ့သည်...


မိမိတို့ဘေးအိမ်ကို လူသစ်တွေပြောင်းလာတာ ရွှေရေး သတိထားမိလိုက်သည်။
ကိုယ်တိုင်က စပ်စုတတ်တဲ့အလေ့အကျင့်မရှိတာမို့
မေမေ ဝယ်ပေးထားသော စစ်သားရုပ်ကလေးတွေနဲ့
ဆော့မြဲဆော့နေလိုက်သည်။


သနားခ်စ္(Completed)Where stories live. Discover now