#Unicode
ကလောင်...ကလောင်...ကလောင်..."နေ့လည်ထမင်းစားတောင် ဆင်းပြီ။
ဟိုကောင်လေးနဲ့ ထမင်းတူတူစားရမယ်"ယွန်းဆုရည်ခိုင် အခန်းရှေ့အရောက်မှာ ထမင်းကို စိတ်မပါလက်မပါနဲ့ စားနေတဲ့ ရွှေရေးထက်ကိုတွေ့လိုက်ရတယ်။
"ရွှေရေး...ဘာဟင်းတွေနဲ့စားနေတာလဲ?"
ရွှေရေးဘာစကားမှမပြော ဖွင့်ထားသော ထမင်းချိုင့်ကိုသာ ပြလိုက်သည်။
"အယ်...ကြက်ဥကြော်တစ်မျိုးတည်းလား?
ငါ့ဟင်းတွေယူစား အများကြီးပဲ မေမေကထည့်ပေးလိုက်တာ။ ဒီမှာ ငါးလေးခြောက်ကြော်ရယ် အချဉ်ရည်ဟင်းလေးရယ် ငါးဖယ်သုပ်ကလေးရယ် အချိုတည်းဖို့ ပန်းသီးလေးတောင် စိပ်ပေးလိုက်သေး"ရွှေရေး ယွန်းဆုရည်ခိုင်ကို အားကျမိသည်။
အလုပ်တစ်ဖက်နဲ့ မေမေ့အား ဟိုဟာလုပ်ပေးပါ သည်ဟာလုပ်ပေးပါဆိုပြီး ဘာမှမပူဆာချင်ပါ။
အလုပ်ပိုရှုပ်မည်စိုး၍ ထည့်ပေးသောဟင်း ဆင်ပေးသောအဝတ်ကိုသာ အေးအေးလူလူဝတ်ခဲ့သည်။"ဟိုဟာ ဘာဟင်းလဲဟင်"
ယွန်းဆုရည်ခိုင် ရွှေရေးထက်က သူ့ဟင်းတွေစားချင်နေသည်ကို သိလိုက်လေပြီ။
အခုနလေးကပဲ ဟင်းနာမည်တွေပြောပြပြီးပြီမဟုတ်လား?
ထပ်မေးရအောင်လည်း ရွှေရေးအဲ့လောက်ဉာဏ်မတုံးမှန်း သိထားသောကြောင့်ပင်..."အဲ့တာ ငါးလေးခြောက်ကြော်။ ဘာလဲ စားချင်လို့လား?"
မိမိအမေးအား မဖြေပဲ ငါးခြောက်ကြော်ကို တကြွပ်ကြွပ်ဝါးနေသော ထိုကောင်လေးအားကြည့်ကာ ယွန်းဆုရည်ခိုင်
အချစ်ပိုရပြန်ပါသည်။ဘုန်း...
ထမင်းစားနေရင်း ခုံကို လက်နှင့် ဘုန်းကနဲပုတ်ချလိုက်သော လက်ပိုင်ရှင်ကြောင့်
ရွှေရေးထက်ရော ယွန်းဆုရည်ခိုင်ပါ ထိုလက်ပိုင်ရှင်အား မကြည်ကြည့် ကြည့်လိုက်ကြသည်။"ငါ့ညီလေးကို ငိုအောင်လုပ်လိုက်တာ မင်းတို့လား?"
ထိုကောင်လေးရဲ့ နောက်တွင် မနက်က ရွှေရေးခေါင်းခေါက်လိုက်သော ကလေးလေးရှိနေပေသည်။
YOU ARE READING
သနားခ်စ္(Completed)
Teen Fiction#Unicode အချစ်ဆိုတာ ကိုယ့်စိတ်ကိုယ် သတိမထားမိလိုက်တဲ့ အချိန်မှာတောင် ဖြတ်ခနဲ ဝင်ရောက်လာတာမျိုး... #စိုင်းအံ့ဘုန်းဇော် ကမ္ဘာပေါ်မှာ လူရှုပ်လူပွေတွေလောက် မုန်းတာမရှိဘူး... #ရွှေရေးထက် ကိုယ့်ချစ်သူနဲ့ ပေါင်းဖက်ခွင့်ရတာလောက် ပျော်ဖို့ကောင်းတာ မရှိတော့ဘ...