Ep-16

11K 634 20
                                    

#Unicode
စက္ကန့်မှသည် မိနစ်သို့၊ မိနစ်မှသည် နာရီသို့၊
နာရီမှသည် ရက်သို့...
ရက်ကို လက တိုက်စား၊လကို နှစ်က တိုက်စားခြင်းဖြင့် အချိန်တို့ တရွေ့ရွေ့ကုန်ဆုံးခဲ့ပေသည်။



မောင်ကောင်းဇင်လင်း၏ အသက်(၂)နှစ်ပြည့် မွေးနေ့မင်္ဂလာတွင်တော့ ချစ်ရပါသော ဖေဖေ မေမေနှင့်အတူ ဦးလေးနှစ်ယောက်သည်လည်း ပျော်ရွှင်နေကြလေသည်။



မည်းမှောင်နေသော ဆံနွယ်အုပ်အုပ်ကလေးနှင့်
ဖြူဖွေးသော အသားအရည်ပိုင်ရှင်၊ကိုယ်ခန္ဓာ ဝဝကစ်ကစ်ကလေးနဲ့ ဖောင်းနေသော ပါးဆုံနှစ်ဖက်က ဖျစ်ညှစ်ပစ်ချင်စရာ
ရွှေရေး ထိုကလေးလေးအား ပွေ့ချီထားရင်း
ကြည်နူးမှုတစ်ဝက် ဝမ်းနည်းမှုတစ်ဝက် ရောယှက်လာရသည်။



မွေးနေ့ပွဲ ပြီးဆုံးပြီးနောက် အခြားသူများ ကိုယ်စီလုပ်စရာရှိတာ လုပ်နေချိန် ကောင်းဇင်လင်းက မိမိအား ကပ်တွယ်နေ၍ ရွှေရေး ခဏတစ်ဖြုတ်ထိန်းထားပေးနေခြင်းသာ...



"ဟော...ကလေးကြီးနှစ်ယောက်က ဒီမှာကိုး...
မောင်ကဖြင့် ပျောက်လို့ ရှာနေတာ..."




"ရှူး...တိုးတိုး ကလေးက ခုနလေးကမှ အိပ်ပျော်သွားတာ..."



အံ့ဘုန်းအသံကြောင့် ကလေးနိုးမည်စိုး၍ လက်ညှိုးလေးထောင်ကာ နှုတ်ခမ်းအနား ထိကပ်စေပြီ "ရှူး"ဆိုသည့် အသံတိုးတိုးလေး ထွက်ကာ ရွှေရေးဟန့်တားမိသည်။



"ဒီကောင်လေးကလေ ကိုယ့်အဖေအမေနားကျ မကပ်ဘူး မောင့်ဘေဘီအနားပဲ လာလာကပ်နေတယ်။ညညဆိုလည်း အခန်းထဲ ဝင်ဝင်လာပြီး အိပ်သေးတာ အနှောင့်အယှက်လေး..."



ရွှေရေး၏ စကားအား အံ့ဘုန်းဂရုမစိုက်။ မသိချင်ယောင်ဆောင်ကာ အနောက်မှနေကာ ပွေ့ဖက်လိုက်သေးသည်။



"မောင်ကလည်း...ကလေးနိုးတော့မှာပဲ..."



ရွှေရေးကလည်း မရုန်းချေ။
ငြိမ်၍သာနေပေသည်။



အံ့ဘုန်း၏ ပူနွေးသောဝင်လေထွက်လေတို့က
ရွှေရေး၏ လည်တိုင်လေးအား ကလူကျီစယ်နေပေသည်။



သနားခ်စ္(Completed)Where stories live. Discover now