Ep-20(Final ep)

21K 796 145
                                    

#Unicode
တစ်လခန့်ကြာသော်…

"ဦးငယ် ကိုကိုရော? ကိုကို့ကို မတွေ့တာကြာပြီ ကိုကိုရောဟင်"

ကိုယ့်ဘာသာ အခန်းအောင်းပြီး အရက်သောက်နေလည်း မရ။ တူဖြစ်သူ ကောင်းဇင်လင်းက မရမက လာမေးနေပေသည်။

"မေ့နိုင်အောင် ဒီအရည်တွေ သောက်နေပါတယ်ဆိုမှကွာ…။မသိဘူး ဦးငယ် မသိဘူးလို့။သွား သွား ကလေးပီပီ သွားဆော့နေချည်"

တဂျီဂျီပူဆာနေသော ကောင်းဇင်လင်းအား အံ့ဘုန်း အနည်းငယ်ဟိန်းဟောက်လိုက်သည်။

"ဦးငယ်လည်း မကောင်းဘူး။ မေမေလည်း မကောင်းဘူး။ ဖေဖေလည်း မကောင်းဘူး။ ကိုကို့ကို လွမ်းပါတယ်ဆိုနေမှ…ဗြဲ…😢"


ကောင်းဇင်လင်း အာခေါင်ခြစ်ကာ ခြေနှစ်ချောင်းကို ပွတ်တိုက်ပြီး ငိုလေတော့သည်။

"ဟာ…ဒီကလေးကတော့…"

ငိုနေသော ကောင်းဇင်လင်းအားကြည့်ရင်း
တစ်ချိန်က လမ်းမပေါ် ထိုင်ငိုနေတဲ့ ရွှေရေး၏ပုံရိပ်ကို မျက်လုံးထဲ မြင်ယောင်လာကာ ကုတင်ပေါ်မှ ခေါင်းအုံးအား တစ်ခြားနေရာသို့ ပစ်ပေါက်လိုက်ခြင်းဖြင့် အံ့ဘုန်း၏ ဒေါသစိတ်ကို ဖြေလျော့လိုက်သည်။

"ဦးငယ် ဒီမှာ ခေါင်းအုံးထဲက ထွက်ကျလာတာ"

ကောင်းဇင်လင်း ပေးလာသော စာရွက်ခေါက်ကလေး လေးငါးခုကို ဖြန့်ကာ ကြည့်လိုက်ရာ အံ့ဘုန်း မျက်လုံးတို့ ပြူးကျယ်ကာ
အမူးပြေသွားသလို…

လူနာအမည် - ရွှေရေးထက်
ရောဂါ - Leukemia(သွေးကင်ဆာ)

အခြား စာရွက်စာတမ်းတွေကို ဖွင့်ဖောက်ဖြေဖြန့်ကြည့်လိုက်တော့လည်း
ဆေးမှတ်တမ်းများဖြစ်နေလေသည်။

ဒါကြောင့် ညည ချွေးထွက်များတာလား?
ဒါကြောင့် သူပွေ့ချီလိုက်တိုင်း ပေါ့နေသလိုခံစားရတာလား?
ဒါကြောင့် သူခဏခဏ နေမကောင်းဖြစ်နေတာလား?

အံ့ဘုန်း ဝုန်းခနဲ ထရပ်ကာ ခြေလှမ်းများ၏ ဦးတည်ရာက စိုင်းကောင်းထက်ဇော်တို့ အခန်းဆီသို့သာ…

"ဒါ ဘာလဲ? သိနေခဲ့တာလား?"

အခန်းတံခါးကို ဖွင့်ပြီး ကောင်းထက်ဇော် စာရွက်များနှင့်ပစ်ပေါက်ကာ မေးလိုက်သည်။

သနားခ်စ္(Completed)Where stories live. Discover now