Ep-17

10.5K 647 21
                                    

#Unicode
"မင်းသူ့အပေါ် သဲသဲလှုပ်ချစ်သလို ငါ့ညီမလေးအပေါ်မှာ ချစ်ခဲ့ရင် သိပ်ကောင်းမှာပဲ စိုင်းအံ့ဘုန်းဇော်"


"ခင်ဗျား ဘာပြောတာလဲ?"


အံ့ဘုန်း မိမိရှေ့မှ ဖြိုးဝေဟိန်းပြောစကားကို
နားမလည်နိုင်အောင် ဖြစ်နေလေသည်။



"မင်းကတော့ ဘယ်မှတ်မိပါ့မလဲ။ မင်းတွဲခဲ့တဲ့ရည်းစားတွေက တယ်များသကိုး။
အဲ့အများကြီးထဲကမှ ငါ့ညီမလေးက အပါအဝင်ပဲ။
သူလေ မင်းကို သိပ်ချစ်ခဲ့တာ"



ဖြိုးဝေဟိန်း အဝေးတစ်နေရာကို ဆွေးဆွေးမြည့်မြည့်ကြည့်ရင်း ပြောနေလေသည်။



"ကျွန်တော် ရည်စားများခဲ့တာ မှန်တယ်။
ဒါပေမယ့် သူတို့ကို ထိခိုက်အောင် ဘာမှမလုပ်ခဲ့တာတော့ အမှန်ပဲ"



"ငါ့ညီမလေးက မင်းရဲ့စိတ်ကြောင့် သူ့ကိုယ်သူ သတ်သေသွားတာကွ သိလား? အဲ့ဒါကို မင်းသိရဲ့လား?"




ဖြိုးဝေဟိန်း အံ့ဘုန်း၏ အင်္ကျီကော်လာကို ဆွဲကာ
ဒေါသတကြီး ပြောလိုက်သည်။
အသားများလည်း တဆတ်ဆတ်တုန်ကာ နဖူးကြောများပင် ထောင်နေလေသည်။



"ဒီမှာ… သူ့ဘာသာ အရူးထပြီး သတ်သေတာလေ။ကျွန်တော့်ကြောင့်ဆိုပြီး လာ အငြိုးအတေးထားမနေနဲ့။ပြီးတော့ ကျွန်တော် တစ်ခါတည်းပြောလိုက်မယ်။ရွှေရေးကိုတော့ လာမထိနဲ့။ခင်ဗျားပါ ခင်ဗျားညီ်မနောက် လိုက်သွားရမယ်မှတ်"



အံ့ဘုန်းကလည်း ကြောက်ရွံ့မနေ။
ချက်ချင်းပင် ကော်လာကို ဆွဲထားသော လက်ကို ဆွဲဖယ်ကာ ပြန်တုံ့ပြန်လိုက်လေသည်။



"ကဲပါ ကိုယ် ပြန်လိုက်ဦးမယ် ထပ်တွေ့ကြတာပေါ့"



ဖြိုးဝေဟိန်းတစ်ယောက် ဘာမှမဖြစ်ခဲ့သလို အေးအေးဆေးဆေးပုံစံဖြင့်သာ ထိုအိမ်မှ ထွက်လာခဲ့လိုက်သည်။



ရွှေရေး အိမ်မကြီးထဲ ပြန်ဝင်လာပြီးနောက် အမောင်ကောင်းဇင်လင်းက မိမိ၏အနားသို့ တောက်တဲ့လို တွယ်ကပ်ကာ ချော့သိပ်ဖို့ ပူဆာနေပြန်လေသည်။



သနားခ်စ္(Completed)Where stories live. Discover now