Ep-19

10.5K 571 31
                                    

#Unicode
"ဘာကိစ္စလဲ? အလုပ်တစ်ဖက်နဲ့မို့ အချိန်မရဘူး။
ပြောမယ့်အကြောင်းအရာကို ဒဲ့ပြောပါ"

ဖြိုးဝေဟိန်း၏ ချိန်းဆိုမှုကြောင့် စိုင်းအံ့ဘုန်းဇော် အလုပ်မှ ခဏခွင့်တောင်းကာ အနီးအနားရှိကော်ဖီဆိုင်တွင် လာရောက်တွေ့ဆုံဖြစ်လေသည်။

"ရော့…"

အံ့ဘုန်း မိမိရှေ့ ပစ်ပေးလာသော စာအိတ်အား ဖွင့်ဖောက်ကြည့်လိုက်သည်။

"မဖြစ်နိုင်တာ…ဘေဘီက ဘယ်လိုလုပ်ပြီး…"

စိုင်းအံ့ဘုန်းဇော် အနည်းငယ်တုန်လှုပ်သွားကာ စကားများပင် ထစ်နေလေသည်။

"ရော်…မျက်စိရှေ့မှာ သက်သေကို မြင်နေပါလျက်နဲ့…ဘယ်လိုတောင် နွားဖြစ်ချင်သေးတာလဲ?"

"ခင်ဗျား… ယုတ္တိမရှိတာတွေ လာမလုပ်နဲ့ ဖြိုးဝေဟိန်း"

ဒေါသကြောင့် ထိုင်ရာမှ ထကာ ဖြိုးဝေဟိန်း၏ အင်္ကျီကော်လာကို ဆွဲဆောင့်ကာ ကိုင်လျက်သား…
လည်ပင်းမှ အကြောပြိုင်းပြိုင်းတို့က အံ့ဘုန်း၏ ဒေါသဒီဂရီ မည်မျှမြင့်တက်နေကြောင်း ဖော်ပြလျက်…

"မင်းအစ်ကိုကလည်း ဘယ်လိုလားပဲ?မင်းသိပ်ချစ်ရတဲ့ဘေဘီကလည်း ဘယ်လိုလား?ငါကွာ မင်းအစားသိပ်ရှှက်တာပဲ။
Good luckပါ ကောင်လေး"

ဖြိုးဝေဟိန်းမှာမူ ကော်လာကို အဆွဲခံထားရသော်ငြား အပြုံးမပျက်ပဲ ခနဲ့နိုင်သေးသည်။ထို့နောက် အံ့ဘုန်းလက်ကို
ဖြုတ်ချကာ ဆိုင်ထဲမှ ထွက်လာခဲ့တော့သည်။

စိုင်းအံ့ဘုန်းဇော်တစ်ယောက်သာ ဆိုင်ထဲတွင် အရုပ်ကြိုးပျက်ကျန်ခဲ့လေသည်။






~~~~~~~~~~××××××××××~~~~~~~~~~






"မောင် ဒီနေ့ ပြန်လာတာ စောတယ်နော်"

ရွှေရေး သည်နေ့ နေလို့သိပ်မကောင်းသဖြင့် အိမ်မှာ နားနေခြင်း…
မျက်နှာမသာမယာဖြင့် ဝင်လာသော စိုင်းအံ့ဘုန်းဇော်အား မြင်လျှင်မြင်ချင်း အပြေးအလွှားသွားကြိုကာ အိတ်ကို ကူသယ်ပေးမိသည်။

"အာ့"

အိတ်ကို အသယ်မခံပဲ လက်ကို ဖြုတ်ချလိုက်သောကြောင့် ရွှေရေး၏ လက်ကလေး နာသွားရသည်။

သနားခ်စ္(Completed)Where stories live. Discover now