Ep-11

11.5K 704 8
                                    

#Unicode
တီ...တီ...တီ...



အနည်းငယ်တိုးလျသော နှိုးစက်သံကြောင့် ရွှေရေး
အိပ်ရာမှ ထလိုက်သည်။နာရီကို ကြည့်မိတော့ နံနက်ငါးနာရီအတိ...
နောက်မှ သိုင်းဖက်ထားသော အံ့ဘုန်း၏လက်ကို အသာအယာဖယ်ခွာကာ လွတ်နေသော စောင်အား
ပြန်လည်ခြုံပေးလိုက်သည်။



မိဘအိမ်တွင် မည်သို့ပင်နေခဲ့ပါစေ ယခုမူ မိမိသည်
ယောက္ခမအိမ်တွင်နေရသည်မို့ မနက်စောစောထကာ လုပ်စရာရှိသည်များကို ကူလုပ်ပေးရမည့် အသိတရားက လွှမ်းမိုးထားသည်။



ထို့ကြောင့် ရွှေရေး မျက်နှာသစ်သွားတိုက်ကာ ဘုရားအမြန်ရှိခိုးပြီး
မီးဖိုချောင်ထဲသို့ ဝင်ခဲ့လေသည်။



"အံမယ် ရွှေရေး နင်က အစောကြီးနိုးနေပါ့လား"



မီးဖိုချောင်ထဲ ဝင်လာသော ရွှေရေးထက်အား ယွန်းဆုရည်ခိုင် အံ့သြသောမျက်ဝန်းများဖြင့် ကြည့်ကာ
နှုတ်ဆက်လိုက်လေသည်။



"အဲ့တော့ ဘာဖြစ်လဲ။ ယွန်းဆုမ... နင်နော် ဝါအရရော အသက်အရရော ငါ့ထက်အကြီးဆိုပြီး ပါဝါပြမယ်တော့ မစဉ်းစားနဲ့။ ငါ ငြိမ်ခံနေမှာမဟုတ်ဘူး"



"နင်ဘယ်တုန်းကရော ငါ့ပြောသမျှ ငြိမ်ခံနေလို့လဲ။
အခုလို အားကိုးရှိတော့ ပိုဆိုးပြီပေါ့ဟယ်"



"ယွန်းဆုမ နင်နော်..."



ယွန်းဆုရည်ခိုင်နှင့် ရွှေရေးထက် စကားနိုင်လုသမျှကို ဒေါ်တင်တင်မြ ပြုံးပြုံးကြီးသာ ကြည့်နေလေတော့သည်။
ဒေါ်တင်တင်မြဆိုသည်မှာ အခြားသူမဟုတ် ဒေါ်သွင်မြဝါ၏ အစ်မ၊
စိုင်းအံ့ဘုန်းဇော်နှင့် စိုင်းကောင်းထက်ဇော်တို့၏ တစ်ဦးတည်းသော အဒေါ်အပျိုကြီးပင် ဖြစ်လေသည်။



"ကဲကဲ ကလေးတွေ ကူမယ်ဆိုလည်း လာကူ။ မကူရင်လည်း ကိုယ့်ယောက်ျားတွေရှိရာ အခန်းကိုသာ ပြန်ကြတော့"



"အဲ့လိုမဟုတ်ပါဘူး ကြီးကြီးကလည်း သမီးတို့က ကူမှာပါ။ အဲ့လိုပဲ အချစ်စမ်းနေကျ ဟီးးး"



"ဟုတ်တယ် ကြီးကြီး သားတို့က အဲ့လိုပဲ"



ယွန်းဆုရည်ခိုင်၏ စကားအား ရွှေရေးထက်က အလျင်အမြန်ထောက်ခံလိုက်လေသည်။



သနားခ်စ္(Completed)Donde viven las historias. Descúbrelo ahora