Ep-18

10.5K 573 29
                                    

#Unicode
အံ့ဘုန်း ရွှေရေးကို ပက်လက်လှန်စေပြီး အပေါ်မှ နေရာယူကာ နှုတ်ခမ်းလေးအား ငုံ့နမ်းမည်အပြု…


"ဦးငယ်နဲ့ ကိုကို အဲ့ဒါ ဘာဆော့နေတာလဲဟင် သားသားလဲပါမယ်"


အလိုက်ကန်းဆိုးမသိသော တူတော်မောင်ရဲ့ စကားကြောင့် ရွှေရေး၏ တွန်းဖယ်ခြင်းကို အံ့ဘုန်းခံလိုက်ရပေသည်။
တော်သေးသည် အားမပြင်းတာမို့ အိပ်ရာပေါ်မှ
အံ့ဘုန်း ပြုတ်မကျ။ ကိုယ်ခန္ဓာက နောက်သို့ အနည်းငယ် လန်သွားရုံသာ…


"ကိုကိုနဲ့ဦးငယ် ဘာကြေးဆော့နေတာလဲလို့။ သားသားလဲပါချင်တယ်လို့"


"ကိုကိုတို့က မဆော့ပါဘူး။ ကိုကို့ မျက်နှာမှာ ဖုန်တွေပေနေလို့ သားရဲ့ဦးငယ်က သုတ်ပေးမလို့လုပ်နေတာ"



မိမိလက်မောင်းအား ကိုင်လှုပ်ကာ မေးလာသော သောက်ကလေးအား ခေါင်းတွေချည်း ပူထူနေအောင် ရွှေရေး ခေါက်ပစ်ချင်သော်လည်း
အတတ်နိုင်ဆုံးပြုံးကာ ဖြေလိုက်သည်။


"ဟင် ဖုန်သုတ်ပေးတာကလည်း နှုတ်ခမ်းကြီးနဲ့လား? ထူးဆန်းသားနော်"

"ဟေ့ရောင်လေး… သွား သွား။ မင်း သွားလိုက်တော့။ ကလေးလည်း ကလေး ကိုယ့်တူလည်း ကိုယ့်တူမို့ သည်းခံနေတာနော်။ ငါ့ဘေဘီကို ရှက်အောင်လာမလုပ်နဲ့"


အံ့ဘုန်း ရွှေရေးနဲ့ ကောင်းဇင်လင်းကြား ဝင်ထိုင်ကာ လက်တစ်ဖက်က ရွှေရေးအား ဖက်ထားရင်း ကျန်တစ်ဖက်မှ ကောင်းဇင်လင်း၏ ခေါင်းကို ခပ်ဖွဖွပုတ်ရင်း မာန်မဲနေပြန်သည်။


"သားရေ…ကောင်းဇင်လင်းလေး မေမေ့ချစ်သားလေး…"


အခန်းအပြင်မှ အော်ခေါ် နေသည့်တိုင် ယွန်းဆုရည်ခိုင်၏ အသံက ကျယ်လွန်းလှသည်။
သည်နှစ်တွေအတွင်း အာပြဲစိန်လော်စပီကာဘွဲ့ကို ခံယူကာ တစ်ကယ်ကို အော်လန်မလို တုနှိုင်းမဲ့ အသံပိုင်ရှင်ပေကား…


"သား ဦးငယ်တို့အခန်းထဲမှာ မေမေ"


အုံဘုန်းနဲ့ ရွှေရေး၏ မျက်နှာများတွင် အပြုံးပန်းများ ပွင့်နေလျက်…


သနားခ်စ္(Completed)Where stories live. Discover now