Ep-15

11.5K 687 19
                                    

#Unicode
မောင်ရေ...အချစ်ရေ...
မောင်ရေတစ်ကယ်ချစ်ရဲ့လား...



ရွှေရေးတစ်ယောက် အထည်ဆိုင်မှာ နားကြပ်တပ်ပြီး သီချင်းသံတိုးတိုးဆိုညည်းနေလေသည်။
မနေ့ညက ရန်ဖြစ်ထားသည့် အကြောင်းပြချက်ဖြင့် ယွန်းဆုရည်ခိုင်က အိမ်မှာနေခဲ့သည်။
ဆိုင်တွင် အရောင်းဝန်ထမ်းမလေးများနှင့် ရွှေရေးသာရှိလေသည်။



ဒေါက်...ဒေါက်...



ကောင်တာကို တစ်စုံတစ်ယောက်က ခေါက်နေခြင်းသာ...



ရွှေရေး နားကြပ်တပ်ထားသည်မို့ ဘာမှမကြား...



"အ့..."



ရွှေရေး၏ နားကြပ်ကို ဆွဲဖြုတ်ခြင်းခံလိုက်ရသည်။



နားကြပ်ကို လာဖြုတ်တာမို့ ရွှေရေး၏ ဒေါသမျက်ဝန်းတို့က ထိုသူဆီမှာ...



"သြော်...ခင်ဗျားကိုး"



"ကောင်တာမှာ ထိုင်ပြီး အာရုံစိုက်မှုမရှိဘူး။
အလုပ်ကို လေးစားစမ်းပါ"



အရောင်းစာရေးမလေးများကပါ ကြည့်နေကြသည်မို့ ရွှေရေး ဒေါသများထွက်ကာ ရှက်လာလေသည်။



"ညီမလေးတို့ အစ်မတို့ အခြားဝယ်သူတွေဆီသွားလိုက်ပါဦး ဒီက Customerကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်မယ်နော်"



ရွှေရေးက ထိုသို့ပြောလိုက်မှ အရောင်းစာရေးမလေးများ ကောင်တာနားမှ အလျှိုလျှိုထွက်သွားကြလေတော့သည်။



"တစ်ကယ်ပါပဲ စီးပွားရေးကို ဘယ်လိုတွေလုပ်နေလဲမသိ"



ဖြိုးဝေဟိန်း ရှေ့က အကြောတင်းလေးအား တမင်တကာဆွပေးနေခြင်းသာ...



"ခင်ဗျားအပူမပါဘူး"



"မင်းက တစ်ကယ်ကို အကြောတင်းလေးပဲ"



"ကဲ ငွေရှင်းပြီးရင် ပြန်လေ။ သြဇာသီးရောင်းခြင်း သည်းခံပါ"



"ဧည့်ဝတ်ကျေပွန်မှုကတော့ အံ့မခန်းပါပဲဗျာ..."



ဖြိုးဝေဟိန်းတစ်ယောက် ကျသင့်ငွေရှင်းပြီး ပြုံးစစဖြင့် ဆိုင်ထဲမှထွက်သွားလေတော့သည်။



သနားခ်စ္(Completed)Wo Geschichten leben. Entdecke jetzt