Ep-7

12K 743 27
                                    

#Unicode
"တက်..."



အမိန့်သံမပါပဲ နူးညံ့ညင်သာနေသော အသံကြောင့်ရွှေရေးရဲ့ စိတ်နှလုံးတို့ ခေတ္တမျှ ယိမ်းထိုးလှုပ်ရှားသွားရသော်လည်း
ရွှေရေးထက်ဆိုသည်မှာ ခံစားချက်အား ဖုံးကွယ်ရာမှာအလွန်တော်သူပေမို့ ခပ်ပြတ်ပြတ်အသံသာ ထွက်လာချေသည်။



"အသက်မပြည့်သူ မောင်းတဲ့ကားကို စီးရအောင် ငါက ရူးနေတာမှမဟုတ်တာ"



"ဘာလဲ ဘေဘီက မောင်နဲ့နှစ်ယောက်တည်း အချိန်အကြာကြီးရှိနေချင်လို့ ဉာဏ်ဆင်တာလား?"



စပ်ဖြီးဖြီး မျက်နှာပေးကို အပြုံးထပ်ဆင့်ကာ အရွယ်နဲ့မလိုက်အောင် ခန့်ညားချောမောနေသော ရှေ့မှလူသားအား ရွှေရေးထက် ထ ထိုးချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာရသည်။



"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာကလည်း ရူးခြင်းတစ်မျိုးပဲ"



"မောင် ရူးတာ မောင့်ရှေ့က လူသားလေးပြုစားလို့ပါနော်"



စိုင်းအံ့ဘုန်းဇော်ဆိုသည့် လူသားမှာ အရှက်မည်မျှရှိသနည်း။
သေချာပါသည် သူ ရှက်ကြောပြတ်ပြီး မွေးဖွားလာသည်ပဲ ဖြစ်ရမည်။



"မင်း မောင်းတဲ့ကား ငါမစီးရဲဘူး"



"ကဲပါ... မသေစေရဘူးလို့ အာမခံတယ်။ မသကာ ဒဏ်ရာရရုံလောက်ပေါ့"



အံ့ဘုန်း၏ စကားကြောင့် ကားပေါ်တက်မည့် ရွှေရေး၏ခြေအစုံတို့ တုန့်ခနဲဖြစ်သွားရသည်တည့်...


"ဟားဟား စတာပါကွာ။ မောင့်ကိုယုံနော် ဟုတ်ပြီလား?"



ရွှေရေး ကားနောက်မှဝင်ထိုင်လိုက်သည်။



"ကောင်လေးတစ်ယောက်တော့ နောက်ကြည့်မှန်ကနေ ကြည့်ခံချင်လို့ ဂွင်ဆင်နေပြန်ပြီဟေ့"



ခနဲ့တာလား? တိုင်တည်တာလား? မသဲကွဲတဲ့
စိုင်းအံ့ဘုန်းဇော်၏ စကားတို့ကြောင့် ရွှေရေး ဝုန်းခနဲထကာ Lover Seatမှာအခန့်သား နေရာယူလိုက်တော့မှ ကိုယ်တော်ချော၏ ချောမောခန့်ညားသော မျက်နှာတော်ထက်တွင် အပြုံးတို့ အလုအယက်နေရာယူ ဝင်ရောက်လာလေသည်။



သနားခ်စ္(Completed)Where stories live. Discover now