#Unicode
"အံ့ဘုန်းဇော်... ထွက်ခဲ့စမ်း။ သားဆိုးသားမိုက် မိဘမျက်နှာကို အိုးမည်းသုတ်တဲ့အကောင်"ှီုတံခါးကို အဆက်မပြတ် တဒုန်းဒုန်းထုကာ ဦးစိုင်းထွန်းဇော်တစ်ယောက် အော်ခေါ်နေသော်ငြား အထဲမှ တုန့်ပြန်သံထွက်မလာချေ။
ဒေါ်သွင်မြဝါခမျာမှာတော့ တရှုံ့ရှုံ့ငိုနေလျက်...ထို့နောက် တံခါးပွင့်လာကာ အထဲမှ အဝတ်ဗလာဖြင့် ထွက်လာသူက စိုင်းအံ့ဘုန်းဇော်ပင်ဖြစ်သည်...
"သြော်...အဖေတို့ ရောက်လာ..."
ခွပ်...ခွပ်
အံ့ဘုန်း စကားတို့မဆုံးလိုက်ခင်မှာပင် ဦးစိုင်းထွန်းဇော်၏ လက်သီးချက်တို့က မျက်နှာပေါ်ဝယ် နေရာယူထားတော့သည်။
"ကိုထွန်းဇော်...ကလေးကို ပါးစပ်နဲ့ပဲပြောပါ။ လက်မပါပါနဲ့ရှင်"
ဒေါ်သွင်မြဝါ လဲကျသွားသော အံ့ဘုန်းအားဆွဲထူကာ ဦးထွန်းဇော်အား မာန်မဲလိုက်လေသည်။
"မင်း ဒီလိုတွေ ကာဆီးကာဆီးလုပ်နေလို့ မင်းရဲ့သားက ရောင့်တက်နေတာ မြဝါ"
"အိုတော်...ကလေးပဲဟာ မှားတဲ့အခါလည်း မှားမှာပေါ့"
"အေး မင်းပြောတဲ့ကလေးက ကလေးတွေမလုပ်တဲ့ လုပ်ရပ်ကို လုပ်သွားပြီလေ။
ဘယ်နှယ့်ကွာ ယောက်ျားလေးကိုမှ ခိုးပြေးရတယ်လို့"ဦးစိုင်းထွန်းဇော်နှင့် ဒေါ်သွင်မြဝါတို့၏ တစ်ယောက်တစ်ခွန်း ရန်ဖြစ်သံတွေကြောင့် ရွှေရေး နိုးလာရတော့သည်။
အဝတ်ကင်းမဲ့နေသော ခန္ဓာကိုယ်အား အလျင်အမြန်ပင် အဝတ်တို့ဆင်ယင်ပြီး ကမန်းကတန်း အိမ်ရှေ့သို့ထွက်လာခဲ့သည်။
"ဟင်... မေမေ"
ရွှေရေး ခြံဝမှ ဒေါ် ကြည်ဖြူခင်နှင့်အတူ ယွန်းဆုမတို့လင်မယားကိုပါ မြင်လိုက်ရ၍ အလွန်အံ့သြသွားတော့သည်။
"မေမေ...မေမေ... အီး...ဟီး...ဟီး သားတောင်းပန်ပါတယ်"
ရွှေရေး ဒေါ် ကြည်ဖြူခင်အား ပြေးဖက်ကာ ရင်ခွင်ထဲ ဦးခေါင်းအပ်ကာ ငိုနေတော့သည်။
YOU ARE READING
သနားခ်စ္(Completed)
Teen Fiction#Unicode အချစ်ဆိုတာ ကိုယ့်စိတ်ကိုယ် သတိမထားမိလိုက်တဲ့ အချိန်မှာတောင် ဖြတ်ခနဲ ဝင်ရောက်လာတာမျိုး... #စိုင်းအံ့ဘုန်းဇော် ကမ္ဘာပေါ်မှာ လူရှုပ်လူပွေတွေလောက် မုန်းတာမရှိဘူး... #ရွှေရေးထက် ကိုယ့်ချစ်သူနဲ့ ပေါင်းဖက်ခွင့်ရတာလောက် ပျော်ဖို့ကောင်းတာ မရှိတော့ဘ...