Ep-14

11.2K 710 18
                                    

#Unicode
ခိုစာမကျွေးပဲ မိုးမမြင်လေမမြင် တစ်ယောက်နဲ့တစ်ယောက် တင်းကျပ်စွာ ပွေ့ဖက်ထားကြသော ကောင်လေးနှစ်ယောက်အား လူတစ်ချို့ ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်။


ထိုမြင်ကွင်းအား ကောင်လေးတစ်ယောက် ဒေါသမျက်ဝန်းများဖြင့် ကြည့်နေလေသည်။


"နောက်ဆုံးမတော့ သတ္တိမရှိခြင်းရဲ့ ရလဒ်က ခါးသီးလိုက်တာ...
ဘာကြောင့်လဲ? မင်းဘာတွေ ရှက်ကြောက်နေခဲ့တာလဲ? မင်းမှာ အိမ်ထောင်ရှိနေပြီပဲ။သူလည်း လူလွတ်မဟုတ်တော့ဘူး။ဘာကြောင့် သူ့အပေါ် စိတ်မဖြတ်နိုင်သေးတာလဲ? အားးးး ခေါင်းတွေပေါက်ထွက်တော့မလိုပဲကွာ"


စိုင်းကောင်းထက်ဇော်တစ်ယောက် ရွှေရေးတို့နှစ်ယောက် ပွေ့ဖက်မှုကို ဘဝင်လည်းမကျ သဘောလည်းမခွေ့နိုင်။
အောင်အောင်ရဲ့ ညီလေးနဲ့ ရန်ဖြစ်ပြီး စွာတာတာနဲ့ ရန်တွေ့နေတဲ့ ကောင်လေးအား မြင်မြင်ချင်း ရင်ခုန်ခဲ့မိသည်။သို့ပေမယ့် ကလေးအရွယ်ပေမို့ မိမိစိတ်အား မသိမမြင်နိုင်ခဲ့။


အရွယ်ရောက် လူလားမြောက်သော်လည်း ယောက်ျားလေးချင်းဆိုသည့် အသိသတိက တားမြစ်နေသည်မို့ ယွန်းဆုရည်ခိုင်အပေါ်
မိမိစိတ်အား တိမ်းညွှတ်စေခဲ့သည်။
မိမိသည် မိဘများ၏ ယုံကြည်အားကိုးမှုကို ရရှိထားသော သားကြီးဖြစ်သည်မို့ မိဘများ စိတ်ညိုညင်မှာကိုလည်း မလိုလား။
စိတ်မြန်လက်မြန်ရှိလှတဲ့ကောင်လေး၊
ကလေးစိတ်နဲ့ ကောင်လေးကတော့ဖြင့် သူ၏ စိတ်ကို မရိပ်မိရှာ။သူငယ်ချင်းဖြစ်သူအား လက်ထပ်ရယူခြင်းကြောင့် အေးစက်သော ဆက်ဆံရေးဖြင့်သာ ဆက်ဆံခဲ့သူ။
သူအရမ်း လောဘများကြီးမိပြီလား?
ယွန်းဆုရည်ခိုင်ကိုလည်း လက်မလွှတ်ချင်။
ရွှေရေးထက်ကိုလည်း မည်သူမျှမပိုင်ဆိုင်စေချင်။


စိုင်းကောင်းထက်ဇော်တစ်ယောက် ယွန်းဆုရည်ခိုင်အား သွားမကြိုခင် စိတ်အေးချမ်းအောင် ဘုရားဝင်ဖူးကာမှ အပူနဲ့ တိုးမိရခြင်း...


ကောင်းထက်ဇော်တစ်ယောက် မိမိရင်ထဲမှ အပူမီးကို ခေါက်သိမ်းကာ ဘာမှမဖြစ်သလိုဟန်ဆောင်ကာ ယွန်းဆုရည်ခိုင်အား သွားကြိုရပေဦးမည်။


သနားခ်စ္(Completed)Where stories live. Discover now