Ep-4

13.4K 811 17
                                    

#Unicode
"ဟိတ်ကောင်လေး မှတ်တိုင်ဆုံးပြီ"

ရွှေရေး အပြင်ကိုဘယ်လောက်တောင် ငေးကြည့်ခဲ့လဲမသိ ကားမောင်းသူ၏ သတိပေးသံကြားမှ အသိဝင်လာခဲ့သည်။
ကားပေါ်ကို ကြည့်လိုက်တော့လည်း မိမိနှင့်ကောင်လေးတစ်ယောက်သာ ကျန်တော့သည်။

"အပြုံး... ဒီအပြုံးက တစ်စုံတစ်ယောက်နဲ့တူလိုက်တာ"

ထိုကောင်လေးက မိမိကို ကြည့်ရင်း ပြုံးပြလိုက်သောကြောင့် ရွှေရေး အနည်းငယ် ကြောင်တောင်တောင်ဖြစ်သွားရသည်။

ထိုကောင်လေးက မိမိထက်ငယ်မည်ထင်သည်။
အဖြူရောင် ပါးနုနုပေါ်မှ ပါးချိုင့်နှစ်ဖက်နေရာယူထားသည်မှာ ချောမောလှသော သူ၏ရုပ်ရည်နှင့် ပနံသင့်လှသည်။

"ဘုရားရေ...မခင်ရင် စေစေ့တောင်မကြည့်တဲ့ငါက သူ့ကိုကြည့်ပြီး
စိတ်ထဲကနေမှတ်ချက်တွေပေးနေလိုက်သေးတာ။
ငါက ငါအစစ်မှဟုတ်သေးရဲ့လား?"

ရွှေရေး စိတ်ထဲမှအတွေးတို့ လွင့်ပျယ်သွားစေရန်အလို့ငှာ ခေါင်းကို အသာအယာခါယမ်းကာ အသိစိတ်ကပ်ပြီး ကားပေါ်မှ ဆင်းလေတော့သည်။

ရွှေရေး ကားပေါ်မှ မဆင်းခင် ရယ်သံသဲ့သဲ့ကိုလည်း ကြားလိုက်ရပါ၏။

"ဟာ...ဘယ်နေရာတွေရောက်နေတာလဲ ဒုက္ခပါပဲ ငါမပြန်တတ်တော့ဘူး"

ထင်ရာစိုင်းကာ မိုက်ရူးရဲဆန်ခြင်းရဲ့ ရလဒ်က
ရွှေရေးကို အကြပ်ရိုက်စေပြန်သည်။
အိမ်ထဲကအိမ်ပြင်ထွက်လေ့သိပ်မရှိသော ရွှေရေးအဖို့ မန္တလေးသားပင် ဖြစ်လင့်ကစား
တော်တန်ရုံလမ်းတွေ သိပ်မသိချေ။

"ကူညီပါရစေ..."

"အမလေး...ပလုတ်တုတ်"

အနောက်မှ ရုတ်တရက်ပေါ်လာသော အသံကြောင့် ရွှေရေးလန့်သွားရသည်။

"မလိုဘူး"

ပါးချိုင့်နဲ့ထိုလူသားအား ရွှေရေး အပြတ်ငြင်းပစ်လိုက်သည်။

"ပဲများတယ်နော် မင်းက။ ဒီက လူရွေးပြီးကူညီတာ မင်းလေးက ချစ်စရာကောင်းလို့သာ..."

သနားခ်စ္(Completed)Où les histoires vivent. Découvrez maintenant