Ep-13

11.4K 879 28
                                    

#Unicode
"ဖေဖေ သား ဘေဘီ...အဲ... ရွှေရေးကို သွားကြိုလိုက်ဦးမယ်နော်"

မိမိအား အသိပေးသည့်သဘောဖြင့်သာ ပြောသွားပြီး အပြေးထွက်သွားသော သားဖြစ်သူအား ဦးစိုင်းထွန်းဇော် ခေါင်းတစ်ခါခါနှင့် ပြုံးရင်းကြည့်ကာ ကျန်ရစ်ခဲ့လေတော့သည်။

ရွှေရေးတို့၏ အထည်ဆိုင်တွင်ဖြစ်သည်။

"ဘုန်းကံကြီးသော အမောင်ရွှေရေးလေးရေ ဟော ဟိုမှာ အကြိုတော် လာနေပါပြီရှင့်..."

ယွန်းဆုရည်ခိုင် မိမိ၏ မတ်ဖြစ်သူ စိုင်းအံ့ဘုုန်းဇော်၏ ကားလေးအား မြင်လိုက်ရ၍
ရွှေရေးအား စ နောက်နေလေသည်။

"သူက အပိုတွေတအားလုပ်တာနော် ကိုစိုင်းတောင် နင့်အပေါ် ဒီလိုတွေမလုပ်ဘူး"

ရွှေရေး ပါးစပ်ကသာ မြည်တွန်တောက်တီးနေပေမယ့် ထမင်းချိုင့်နှင့် ပစ္စည်းပစ္စယများကို သိမ်းဆည်းပြီးနေလေပြီ။

"ယွန်းဆုမ နင်ပါတစ်ခါတည်း လိုက်ခဲ့လေနော်။ ငါ သူနဲ့ နှစ်ယောက်တည်း မနေချင်ဘူး"


"မမကတော့ Noပါ။ မမရဲ့ ချစ်လှစွာသော ယောက်ျားလာကြိုမှာပါနော်။ရွှေရေးလေးက လိမ္မာပါတယ်။ ကိုယ့်ယောက်ျားနဲ့ကိုယ်ပြန်လိုက်ပါနော်"

အသနားခံသလို မျက်နှာငယ်လေးနဲ့ ရွှေရေး တောင်းဆိုနေသော်လည်း ယွန်းဆုရည်ခိုင်ကမူ ရွှေရေး၏ ပါးနှစ်ဖက်ကို ဖျစ်ညှစ်ကာ ကလေးတစ်ယောက်ကို ချော့မြူနေသည့်သဖွယ် ပြုမူနေတော့သည်။

"မသာမကြီး အားကိုးလို့ကို မရဘူး။ ချဉ်တယ် သွား"

ယွန်းဆုရည်ခိုင်အား မျိုးစုံ ပြောဆိုထုထောင်းပြီးမှ အံ့ဘုန်းရှိရာသို့ ထွက်လာခဲ့လိုက်သည်။

"လာ...ဘေဘီ တက်"

ရွှေရေးလာတာကို မြင်သည်နှင့်တစ်ပြိုင်နက် အံ့ဘုန်းကားပေါ်မှဆင်းကာ မောင်းသူ၏နံဘေးထိုင်ခုံ တစ်နည်းအားဖြင့် Lover Seatမှာ ထိုင်စေရန်အလို့ငှာ တံခါးဖွင့်ပေးလိုက်သည်။

မိမိအား ဂရုတစိုက်ရှိသော အံ့ဘုန်းကြောင့် ရွှေရေး ကျေနပ်ပီတိဂွမ်းဆီထိကာ တစ်ချက်ပြုံးမိလိုက်သည်။ သို့သော် ချက်ချင်းပင် မျက်နှာအား ပြန်တည်လိုက်ပြန်သည်။

သနားခ်စ္(Completed)Donde viven las historias. Descúbrelo ahora