#Unicode
"ယွန်းဆု"ယွန်းဆုမျက်နှာပေါ်တွင် အပြုံးတို့ ထင်ရှားစွာဖြစ်ပေါ်လာလေသည်။
စူးရှကြည်လင်သော အသံပိုင်ရှင်ကြောင့်ပင်ဖြစ်ပါ၏။"ကိုစိုင်းက နဝမတန်း(A)ခန်းကို ဘာလာလုပ်တာလဲဟင်"
ယွန်းဆု သိရက်နဲ့ တမင်မေးလိုက်ခြင်းဖြစ်သည်။
ဒီနေ့ ရွှေရေးနေ့တစ်ဝက်ကျောင်းပျက်သဖြင့် စိုင်းကောင်းထက်ဇော် သူ့ဆီရောက်လာမှန်းလည်း သိသည်။"ကိုယ် ယွန်းဆုနဲ့တွေ့ချင်လို့ လာတာပေါ့။
ဟို အကြောတင်းလေးလဲ မရှိလို့လေ""ဒါမှ ကိုစိုင်းပီသမှာပေါ့။ ကဲဆို ဘာကိစ္စလဲ?"
"ကိုယ်ဖွင့်ပြောထားတာ တစ်နှစ်တောင်ကြာပြီနော်
အဖြေ ဘယ်တော့ပေးမှာလဲ""ယွန်းဆုတို့က ငယ်သေးတယ်လေ။
အခုအချိန်မှာ ဒီကိစ္စတွေမစဉ်းစားချင်သေးဘူး။
ကိုစိုင်းလဲ ဆယ်တန်းစာမေးပွဲနီးပြီနော် စာထဲပိုပြီးအာရုံစိုက်သင့်တယ်""အင်းပါ ကိုယ်လိုချင်တဲ့အဖြေကိုရဖို့ ဘယ်လောက်ပဲဖြစ်ဖြစ်စောင့်ပါ့မယ်။ ယွန်းဆုလည်း စာမေးပွဲဖြေနိုင်ပါစေနော်။ ကိုယ်သွားပြီ"
ကိုစိုင်းရဲ့ ကျောပြင်ကိုကြည့်ပြီး ယွန်းဆု ရင်မောရပြန်သည်။
သည်အချိန် သည်ကာလတွင်တော့ သူကလေးတစ်ယောက်လိုနေချင်ပါသေးသည်။
ဘဝတောင် မစရသေးခင်အချိန်မှာ ဒီလိုအကြောင်းအရာတွေကို တွေးဖို့လည်းမသင့်သည်မို့ပင်...~~~~~~~~~~**********~~~~~~~~~~
ဒီနေ့ ရွှေရေးထက် မေမေနှင့် တစ်နေရာရာသွားစရာရှိ၍ ဆရာမအားခွင့်တိုင်ကာ နေ့တစ်ဝက်ကျောင်းပျက်ကာ
ကျောင်းမှပြန်လာလေသည်။"ငါတို့ လမ်းခွဲရအောင် သရဖီ"
"ငါ့မှာ ဘာအပြစ်ရှိလို့လဲ အံ့ဘုန်း"
"ဒီလိုပဲ ငါနင်နဲ့မတွဲချင်တော့လို့"
"နင် နင်မကောင်းဘူးဟာ အံ့ဘုန်းရာ"
ရွှေရေး ဘာရယ်မဟုတ် ကြားလိုက်ရတဲ့အသံတွေကြောင့် လမ်းသွားနေရင်းမှ လမ်းကြားလေးထဲ အကြည့်တို့ခဏတစ်ဖြုတ် ပို့လွှတ်လိုက်သည်။
YOU ARE READING
သနားခ်စ္(Completed)
Teen Fiction#Unicode အချစ်ဆိုတာ ကိုယ့်စိတ်ကိုယ် သတိမထားမိလိုက်တဲ့ အချိန်မှာတောင် ဖြတ်ခနဲ ဝင်ရောက်လာတာမျိုး... #စိုင်းအံ့ဘုန်းဇော် ကမ္ဘာပေါ်မှာ လူရှုပ်လူပွေတွေလောက် မုန်းတာမရှိဘူး... #ရွှေရေးထက် ကိုယ့်ချစ်သူနဲ့ ပေါင်းဖက်ခွင့်ရတာလောက် ပျော်ဖို့ကောင်းတာ မရှိတော့ဘ...