Ep-8

11.9K 728 14
                                    

#Unicode
မျက်လုံးတို့ ဖြည်းညှင်းစွာ ပွင့်လာပြီးနောက် မြင်နေရသော မြင်ကွင်းတို့ကြောင့် မိမိရဲ့အိမ်မဟုတ်မှန်း ရွှေရေးသိလိုက်လေသည်။
ကိုယ်ခန္ဓာကို လှုပ်ရှားကြည့်သော်လည်း လှုပ်၍မရ။
ခြေကော လက်ပါ ကြိုးဖြင့် ချည်ထားခံရသောကြောင့်ပင်...
ပါးစပ်ကို အဝတ်ဖြင့် စို့ထားမှုကြောင့် အော်ဟစ် အကူအညီတောင်းဖို့ရာလည်း မတတ်သာချေ။


အခန်းတံခါးဖွင့်သံနှင့်အတူ ဝင်လာသော လူရိပ်အား မည်သူမည်ဝါ သိစေရန် ရွှေရေးကြည့်လိုက်သည်။


"အပြုံး... ဒီအပြုံးကို မုန်းလိုက်တာ..."

ရွှေရေး စိတ်ထဲတွင်တော့ ထိုသူအား အပေါ်မှ တက်ခွကာ မျက်နှာအား လက်သီးဖြင့် ပယ်ပယ်နယ်နယ် အားရပါးရ ထိုးပစ်နေတော့သည်။


အံ့ဘုန်း ဒေါသကြောင့် စိတ်လိုက်မာန်ပါ လုပ်ခဲ့မိသော်လည်း နောင်တမရချေ။
အငြိမ်နေမှာ မဟုတ်သော ထိုကောင်လေးရဲ့ အမူအကျင့်ကို သိသည်မို့ ခြေကောလက်ပါကြိုးတုပ်ကာ မိမိအား ကျိန်ဆဲမည့် ပါးစပ်ကိုလည်း အဝတ်စို့ထားလိုက်သည်။
အချိန်ကား ညနေပင် စောင်းနေပြီမို့ ညစာအတွက်
အနီးအနားမှ စားသောက်ဖွယ်ရာများ ဝယ်လာခဲ့ကာ ထိုကောင်လေးနားသို့ သွားထိုင်လိုက်သည်။
ထို့နောက် အဝတ်စကို ဖယ်ပေးလိုက်ရာ...


"ခွေးလိုကောင် မင်းဒါဘာလုပ်တာလဲ?
လွှတ်ပေးစမ်း။ ဒီလိုသောက်ရူးအလုပ်တွေလုပ်မနေစမ်းနဲ့။
လွှတ်ပေး။ ငါ မင်းမျက်နှာကို စုတ်ပြတ်သတ်နေအောင်ထိုးပစ်မှာ"


အဝတ်စ ဖယ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ထိုးမယ်တကဲကဲပြောနေသော ထိုကောင်လေးကို ကြည့်ပြီး အံ့ဘုန်းရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။


"စိတ်လျော့ပါ ဘေဘီရ။ ဘာလို့ မောင့်ဒေါသကို လာဆွတာလဲ? ကဲကြည့် ခုတော့ မောင်ပြုသမျှ နုရတော့မယ့် ဘေဘီ့ဘဝကို တွေးကြည့်ပါဦး"


ရွှေရေး အတင်းရုန်းကာ ကြိုးစားပြီး ကြိုးဖြည်နေသော်လည်း အချည်းနှီးသာ...
ခုနေ ကြိုးသာပြေသွားလျှင် အံ့ဘုန်းမျက်နှာ အညိုအမည်းစွဲမည်မှာ အသေအချာ...


သနားခ်စ္(Completed)Where stories live. Discover now