Kreepolrerk မိသားစုအရေးတော်ပုံ

2.1K 160 9
                                    

Unicode version

Tae's POV

တံခါးကို ခပ်ပြင်းပြင်း ဆောင့်ပိတ်ပြီး ရှက်ရမ်းရမ်း ထွက်သွားတဲ့ ကောင်လေးကြောင့် စတီယာတိုင် ပေါ်လက်တင်ထားပြီး ခပ်ကျဲကျဲ ရယ်မိသည်။ နောက်ကြည့် မှန်ကနေ ကွန်ဒိုအောက်ထဲကို လုံးတုံး လုံးတုံးလေးပြေးဝင်သွားတဲ့ ပုံလေးကိုတွေ့နေရတာကြောင့် ဘာရယ်မဟုတ် ခေါင်းရမ်းမိသည်လေ။ သူ့ပုံကို အတွင်းရေးမှူးမလေးစပြခဲ့တုန်းက ချစ်စရာကောင်းတယ်လို့ ထင်မိပေမယ့် အပြင်မှာတွေ့ရတော့မှ သူ့အပြုအမူလေးတွေက သူ့မျက်နှာလေးထက်တောင်ပိုချစ်ဖို့ကောင်းနေတဲ့ ကလေးလေးပဲ။ အဲဒီလိုကလေးလေးကို ကိုယ့် အရှုပ်ထုပ်ထဲ ဆွဲသွင်းရမှာ အားနာမိတာတော့ အမှန်ပင်။

သူဝင်သွားပြီးသည်ထိ မျက်စိတစ်ဆုံးလိုက်ကြည့်အပြီး ကားပြန်ကွေ့ထွက်မယ်အလုပ်မှာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ညီမ ဆီက ဖုန်းဝင်လာသည်။

N'Kin - P ပြောလို့ရလားဟင်။
Tae - ပြောလေ Nong. Pနားထောင်နေတယ်။
N'Kin - အိမ်မှာ ဟိုမိန်းမကြီး ရောက်နေပြန်ပြီ။ ဒီတစ်ခါ ဟို တစ်ယောက်ပါ ပါလာတာ Pရ။ Nong တစ်ယောက်တည်း မနေချင်ဘူး။ ခဏပြန်လာနေပေး။
Nong Kin စကားကြောင့် စိတ်တော်တော်လေသွားပြီး မျက်နှာကို လက်နဲ့ စိတ်ရှုပ်စွာပွတ်လိုက်မိသည်။ N'Kinကိုလည်း ဟိုသားအမိနှင့် တစ်ယောက်တည်း မဖြစ်စေချင်သည်မို့ လာခဲ့မည်ဟုပြောပြီး ဖုန်းချလိုက်ရသည်။

သူ ပြောတဲ့ ဟိုမိန်းမကြီးဆိုတာ ကျွန်တော်တို့ မောင်နှမ ၂ယောက်ရဲ့ အမုန်းဆုံး လူဆိုလည်းမမှားဘူး။ Mae က N'Kin ကိုမွေးပြီး မကြာခင်မှာပဲ နှလုံးရောဂါနဲ့ ဆုံးသွားလို့ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ကို လိုလေသေးမရှိ ဂရုစိုက်ချစ်ပေးခဲ့တဲ့ Paa ကို အမြဲလိုလို ဂွင်ချိန်နေပြီး သိုက်တူးချင်တဲ့ မိန်းမကြီးလေ။ ငယ်ငယ်တည်းက အိမ်လာရင် ချွဲပြစ်နှစ်နေတဲ့ အယ့် အဒေါ်ကြီးကို သိပ်အမြင်ကပ်လို့ မောင်နှမနှစ်ယောက်ပေါင်းပြီး prank ပေါင်းများစွာနဲ့ နောက်မလာအောင်လုပ်သော်လည်း ကပ်ပါးကောင်လိုပဲ ကပ်မြဲကပ်ဆဲဖြစ်နေတဲ့ မိန်းမကြီး။ Paa ရှေ့ရောက်ရင် သူ့ကိုယ်သူ Joo ကလေ Joo ကလေနဲ့ အရမ်း အမြင်ကပ်ချင်စရာကောင်းတယ်။ ရုပ်ချောတာ မှန်ပေမယ့် စိတ်ရင်းကလည်း မမှန် ဥစ္စာကလည်းမက် ပြီးတော့ သမီးတစ်ယောက်နဲ့ အိမ်ထောင်ပျက်။ ဒါတောင် သူ့ယောကျၤားက မကွာပေးရသေးဘူးဆိုလားပဲ။ ဇာတ်လမ်းတွေကိုရှုပ်နေတာပါပဲ။ သူ့လို မိန်းမ လက်ထဲ Paa ကို ထည့်စရာလား။

My စပွန်ဆာကိုကိုDonde viven las historias. Descúbrelo ahora