အရွဲ့တိုက်ခြင်းအနုပညာ
2K 157 30
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
Unicode Version
[A/Note: Rin ကို မျက်စိထဲမြင်အောင်ရှာပေးထားပါတယ်နော် ကျွန်တော့် စိတ်ကူးထဲက Rin နဲ့ အနီးစပ်ဆုံးကတော့သူပါ။ ]
*************************************************
"P Tae!"
သူမကို မြင်မြင်ချင်း သတိထားမိစေတာက ဝါးစားမတတ်ကြည့်နေသော မျက်လုံးများနဲ့ ရဲရဲတောက်နီနေတဲ့ နှုတ်ခမ်းဖူးတစ်စုံဖြစ်သည်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ အနေအထားကို ကြည့်ရင်း စိတ်ရှုပ်ဟန်ဖြင့် သူမရဲ့ ဖြောင့်စင်းနေသော မဟူရာ ဆံနွယ်နက်နက်များကို နောက်သို့ သပ်ချလိုက်သည်။
"N'Rin."
အော် ဒါဆို ဒီ အမျိုးသမီးက P Tae နဲ့ အသိပေါ့။ နာမည်က Rin တဲ့လား။ ဒီလောက် လူမြင်သွားတာတောင် နှုတ်ခမ်းပေါ်က မဖယ်ပေးသော P Tae ရဲ့ အလိုက်မသိတဲ့ လက်ချောင်းများကို မသိမသာ ပုတ်ထုတ်လိုက်ရတော့သည်။
"P P ပြောတော့ အလုပ်သွားရမှာမို့ Rin ကို လိုက်မပို့ပေးနိုင်ဘူးဆို။ ဒ-ဒါကဘာလုပ်နေကြတာလဲ။ စားသောက်ဆိုင်ကြီးမှာ!"
အွန် ဘယ်လိုစကားကြီးလဲ။ ကျွန်တော် မျက်မှောင်ကြုံ့ မိသည်။ သူပြောမှပဲ ကျွန်တော်တို့က ဘာလုပ်နေတာကြနေတာပဲ။ မကျေမနပ်နဲ့ ဟိုလူကြီးကို လှမ်းကြည့်တော့ သူက အပြုံးလုံးဝမပျက်။ မပျက်တဲ့ အပြင် သူ့ လက်ကြီး တစ်ဖက်နဲ့ ကျွန်တော့် ခါး ကို သိုင်းဖက်လာလို့ ကိုယ်က သူ့ရင်ခွင်ထဲရောက်လုမတက်ဖြစ်သွားသည်လေ။ ရုတ်တရက်ဆိုတော့ ကျွန်တော်လည်း ကြောင်အန်းအန်းဖြစ်သွားပြီး ရုန်းဖို့ သတိတောင်မရလိုက်။
My စပွန်ဆာကိုကိုDonde viven las historias. Descúbrelo ahora