Unicode Version
ဘန်ကောက်မှ Pattaya သို့ အမြန်လမ်းပေါ်က နေ မရပ်မနား သာမန် နှုန်းနှင့် မောင်းသွားမည် ဆိုလျှင် ၂နာရီနဲ့ ၄၅မိနစ်လောက်သာကြာမြင့်သောခရီးဖြစ်သည်။
သို့သော် ၁နာရီ ကို ၁၂၀ ကီလိုမီတာ နှုန်းဖြင့် မောင်းနှင်လာသော အနက်ရောင် Lamboghini လေးဟာတော့ မနက်၈နာရီ စွန်းစွန်းမှာပဲ Hotel Grand Amara ရဲ့ Pattaya Resort သစ် ဝင်းထဲသို့ ရောက်ရှှိနေခဲ့ပြီဖြစ်သည်။ ဟိုတယ်က ဘန်ဂလိုစတိုင်မျိုးလေးမို့ ကားကို သူတို့ တည်းမယ့် deluxe suite ရှေ့နား မောင်းလာခဲ့လိုက်သည်။
suite ရှေ့ ရောက်လာတော့ မှန်ချကာ ကားကိုစက်သတ်ပြီး တစ်လမ်းလုံး ဘယ်လိုမောင်း မောင်း နည်းနည်း လေးတောင် နိုးယောင်မပြ တုပ်တုပ်မလူပ်သော ဘေးခုံက ကောင်လေးကို လှည့်ကြည့်လိုက်မိသည်။ ခုထိလဲ ကျွန်တော့်ဖက် ခေါ်င်းလေးစောင်းပြီး မနိုးသေးပဲ အိပ်ပုတ်ကြီးနေတာမှ သူ့ဆီက ခပ်တိုးတိုးဟောက်သံလေးတွေ တောင်ကြားနေရဆဲ။ ကြည့်ရတာ ဒီရက် အတွင်း သူတော်တော်ပင်ပန်းနေခဲ့ပုံရသည်။
"Tee..." သူ့လက်မောင်းကို ဆုပ်ကိုင်ပြီး နှစ်ခါ သုံးခါလောက် ခါယမ်းလိုက်သည်။ သို့ပေမယ့် တုန့်ပြန်မှုမရှိလာခဲ့။ ကျွတ် ဒီကောင်လေးက ကာလနဂါးသေလို့ ဝင်စားလာတာလား။
"TEe ကလေး ရောက်ပြီလေ။ ထတော့။"
"......."
၂ခါ သုံးခါ ခေါ်ပြီး လှုပ်နှိုးကြည့်သော်လည်း နိုးမလာတာကြောင့် မတတ်သာတဲ့အဆုံး သူပတ်ထားတဲ့ ခုံခါးပတ်ကို ဖြုတ်ပေးလိုက်သည်။ ပြီးတော့ ကားပေါ်မှ ဆင်းကာ သူ့ဖက် ကားတံခါးကို ဖွင့်လိုက်ပြီး passenger ခုံ ပေါ်က သူ့ကိုယ်လေးကို bridal style မချီလိုက်တော့ ချီလိုက်တဲ့အတိုင်း ပုံ့ပုံ့လေးပါလာပြီး သူ့မျက်နှာကို ရင်ခွင်ထဲ အပ်လျက်သားလေးဖြစ်နေတော့သည်။
မကြည့်ဖူးလို့ တင်းထားတဲ့ကြားထဲကနေ ဖိအိပ်ထားလို့ နီနေတဲ့ ပါးဖောင်းဖောင်းတွေနဲ့ မျက်တောင်စင်းလေးတွေရဲ့ ဆွဲဆောင်မှုကြောင့် မနေနိုင်ပဲ ရအောင် ငုံ့ကြည့်မိသေးသည်။ ဖြစ်ချင်တော့ အရင်နေ့တွေကလို သူ့ဆံစလေးတွေက ဝဲပြီးကျမနေတော့ နဖူးကျယ်ကျယ်က ထင်းနေသည်လေ။ ကြည့်နေရင်းနဲ့ သူ့ နဖူးပြင်ကို နှုတ်ခမ်းနှင့် ထိကပ်ပြီး အနမ်းခြွေလိုစိတ်တွေ ပေါ်လာတာကြောင့် အကြည့်ကို မြန်မြန်လွှဲလိုက်ရတော့သည်။ တစ်သက်နဲ့တစ်ကိုယ် ယောကျၤားလေးတစ်ယောက်အတွက်မပြောနဲ့ မိန်းကလေးတစ်ယောက်အတွက်နဲ့တောင် ဒီလိုစိတ်မျိုး မဝင်ခဲ့မိဖူးဘူး။ ဒါမှမဟုတ် ကျွန်တော်များ တစ်ကယ်ပဲ.....ဟာ မဟုတ်သေးပါဘူး။....

YOU ARE READING
My စပွန်ဆာကိုကို
Fanfictionတက်သစ်စ မင်းသားပေါက်စ Tee Thanapon နှင့် သူ၏ စပွန်ဆာ သူဌေး🌚🌝