မထင်မှတ်သော...

2K 167 46
                                    

Unicode Version

[warning နည်းနည်း ပေးထားပါရစေနော်။ နည်းနည်း M18 လောက်လေး 😂😂]

***************************

ပင်လယ်ရေပြင်ဖက်ကနေ တိုက်ခတ်လာတဲ့ ညနေခင်းလေပြေအေး တဖြူးဖြူးကြောင့် သပ်ရပ်စွာ ဖြီးထားသော သူ့ ဆံစလေးများ သည်လည်း အိပ်မက်ဆန်ဆန် လေထဲ ဝေ့ကာ နှဖူးထက်တွင် ကခုန်နေကြသယောင်ယောင်။ လရောင်ဆမ်းတဲ့သူ့မျက်နှာချောချောကို ဘယ်လောက်ကြာကြာငေးနေမိမှန်းလည်း မှတ်မထားမိတော့။ ယောကျၤားလေးတစ်ယောက်က ဘာလို့ ဒီလောက်လှနိုင်ရတာလဲ။

ဘယ်တုန်းကမှ ကျွန်တော့်ကို ဒီလို ဆွဲငင်နိုင်တဲ့သူမရှိခဲ့ဖူးလို့ ကိုယ့်ကိုကိုယ် အသည်းမာလှပြီထင်ထားခဲ့တာ။ ခုတော့ တွေ့တာမှ ၂နာရီ မပြည့်သေးတဲ့ ကောင်လေးတစ်ယောက်ကြောင့် အချိန်နဲ့ သမျှ သူ့အမူအရာ အပြုံးလှလှတွေနဲ့ သွက်လက်တဲ့ စကားတွေ အောက်မှာ တဖြည်းဖြည်း ကျရှုံးလာခဲ့ရသော အဖြစ်။ သူနဲ့ ဒီ့ထက်မက ရင်းနှီးချင်နေမိသည်။

"P Godt."

"ဟွန်"

"ကျွန်တော်တို့ ထွက်လာတာ အရမ်းကြာနေပြီ ထင်တယ်။ ဖုန်းကလည်း battery ကုန်သွားလို့ အချိန်ကြည့်လို့မရတော့ဘူး။ ပြန်ရအောင်ဗျာနော်။"

ပြန်တော့မယ်တဲ့လားကွာ။ P က တော့ ပေးမပြန်ချင်သေးဘူး။

"ပြန်လေ Nong. P လိုက်ပို့ပေးမယ်။ မှောင်နေတော့ လမ်းပျောက်မှာစိုးလို့။"

"Krup P. အာ့ဆို သွားကြရအောင်။"

သောင်ပြင်ပေါ်ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး သူ့ကို လက်ကမ်းပေးလိုက်တော့ လက်ကို ကိုင်ကာ အားယူပြီး ထလာသည်။ လက်လေးတွေကလည်း ယောကျၤားလေးတန်မဲ့ အိစက်နေတာပဲ။ ကိုင်လို့ မဝသေးခင်ပဲ မလွှတ်ချင် လွှတ်ချင်နဲ့ ပြန်လွှတ်ပေးလိုက်ရသည်။

သူနဲ့တူတူ ဘန်ဂလိုတွေ ဖက်ကို စကားလေးတပြောပြောနဲ့ ပြန်လျှောက်လာရင်း အခန်းရှေ့ရောက်တော့-

"ကျွန်တော့်ကို ပြန် ပို့ပေးတာ ကျေးဇူးပဲနော် P။"

ကြံစမ်း Ai'Godt။ ဒါ နောက်ဆုံးတွေ့ခြင်း ဖြစ်လို့ မဖြစ်ဘူး။ ထပ်တွေ့ဖို့ လမ်းစလေးတော့ရအောင်ရှာစမ်းပါ။

My စပွန်ဆာကိုကိုDonde viven las historias. Descúbrelo ahora