၂၉နှစ်အရွယ် ဦးလေးကြီး

2.3K 159 29
                                    

Unicode Version

Tee's POV

[Kasetart တက္ကသိုလ် Psychology ဆောင်ရှေ့]

"ရပြီ P. ဒီနားမှာပဲ ရပ်လိုက်ပါ။" ကျောင်းဆောင်ရှေ့ရောက်တော့ ဆိုင်ကယ်ပေါ်ကနေ လွှားခနဲ ဆင်းပြီး ဆိုင်ကယ်သမား P ကိုကျသင့်ငွေရှင်း ပြီး သကာလ စာသင်ဆောင်တွေဘက်ကို လွယ်အိတ်ကို ကြိုး တစ်ဖက်ထဲလွယ်ကာ တစ်ဝါးဝါးသန်းရင်း လျှောက်လာခဲ့သည်။ အရင်က အမြဲ schedule ရှိရှိ မရှိရှိ ကျောင်းလိုက်ပို့ပေးနေတဲ့ P Jane ကလည်း ဒီနေ့မနက်မှ မအားတော့ဘူး ဆိုပြီး message ပို့ထားလို့ ဝရုန်းသုံးကားတွေဖြစ်ပြီး ဆိုင်ကယ် ကယ်ရီနဲ့ ကျောင်းကို အတန်းချိန် အမှီရောက်အောင်ပြေးခဲ့ရတဲ့ ဘဝပါ။

  အိပ်ရေးမဝရသည့် အဓိက အကြောင်းရင်းကတော့ ဒီနေ့ နေ့လည် လည်းကျောင်းအပြန် ရှုတင်ရှိသည်မို့ ညက တစ်ညလုံးမအိပ်ပဲ ဇာတ်ညွှန်းတွေ ဖတ်ကာ အလုပ်ရှုပ်နေခဲ့ပြီး ၅နာရီ တောင် တင်းတင်းပြည့်အောင် မအိပ်ခဲ့ရပေ။ နံနက်စာ စားဖို့ နေနေသာသာ ရေတောင် မနည်း ချိုးခဲ့ရတဲ့ သနားစရာ လူသားလေး ကျွန်တော်ရဲ့ အလိုက်မသိတဲ့ ဗိုက်ကလည်း တဂွီဂွီနဲ့ အချက်တွေ ပြနေလေပြီ။ အရာအားလုံးက ဖြစ်သည် ပျက်သည် မှတ်ပါ Teeရေ။ ဗိုက်ဆာတာလည်း ပျောက်သွားလိမ့်မယ် ဆိုပြီး ကိုယ့်ကိုကိုယ် အားပေးရင်လိုက်ကာ ယိုင်ထိယိုင်ထိုးဖြင့် စာသင်ဆောင်နားတော့ရောက်လာခဲ့သည်။

အတန်းထဲ ရောက်လို့ ဝေ့ဝဲကြည့်လိုက်တော့ မနက် အတန်းမို့ လူသိပ်မရှိသေးသော်လည်း ထုံးစံအတိုင်း နောက်ဆုံးနားက ထောင့်တစ်နေရာမှာ earphone ကြီးတပ်ပြီး ဖတ်စာအုပ်ထူကြီး ပေါ် ဖုန်းတင်ကာ ဂိမ်း ကို သဲကြီးမဲကြီးဆော့နေသော ခွေးပေါက် တစ်ကောင် ကတော့ ရောက်နှင့်လေပြီ။ ထိုခွေးပေါက် copter မှာ မူလတန်းထဲက ပေါင်းလာတဲ့ မတည့်အတူနေ အချစ်ဆုံးဘော်ဒါ။ သူကျောင်းစောကြီးရောက်နေတာ ဆိုတာကလည်း ဝီရိယ ရှိလွန်းလို့တော့ မထင်လိုက်နဲ့။ အိမ်မှာ မိုးလင်းထိ ဂိမ်းဆော့ရင် သူ့ Mae က နားညီးနေအောင် ဆူမှာမို့လို့ အေးအေးလူလူဆော့ရအောင်ဆိုပြီး ကျောင်းကို စောစော လာဆော့နေတာ။ အထာတွေကနက်ပြီးသား။

My စပွန်ဆာကိုကိုDonde viven las historias. Descúbrelo ahora