Unicode Version
"တောက် ဒီလောက် အခွင့်အရေးကောင်းကို ရှင် အလွတ်ခံခဲ့ရလား?! အသုံးမကျလိုက်တာ။ ဒီလောက်ဝါးနေတဲ့ ပုံတွေနဲ့ နမ်းနေတာ သူတို့ပါဆိုတာ ဘယ်လို ထောက်ပြလို့ရမှာလဲ?"
ဒေါသထွက်ထွက်နဲ့ ဓာတ်ပုံအထပ်လိုက်ကို နောက်နားတွင် ခေါင်းငုံ့ပြီး ရပ်နေသော သူထံသို့ သူမ ပစ်ပေါက်လိုက်သည်။
"စ-စိတ် မဆိုးပါနဲ့ မမလေး။ ကျွန်တော်တို့ အခွင့်အရေးရှိပါသေးတယ်။ ဒီတစ်ခါ ကျွန်တော်ရအောင် ရိုက်ခဲ့ပါ့မယ်။"
"နေဦး။ ဒီ ဟာတွေကို Times Magazines က Khun Pakka ဆီ အရင်ပို့ပေးလိုက်။ ကျန်တာ သူဆက်လုပ်လိမ့်မယ်။"
"Krup မမလေး။"
စိတ်ဆိုးနေတဲ့ သူ့ အလုပ်ရှင်ကို အရိုအသေပြီး ဖြေးဖြေးချင်း အခန်းထဲက နေ Toy ထွက်လာခဲ့ပြီးတော့မှ သက်ပြင်းရှည်ရှည်ချနိုင်တော့သည်။
****************************
"Yim, နင့်ရုပ်က ဘာဖြစ်နေတာလဲ။ လဒမှိုင် မှိုင်တယ်ပြောရအောင်လည်း လဒတောင်ရှုံးမယ်။ ပြုံးပြုံးလေးနေစမ်း။" Khun Jane တစ်ယောက် သူ့ဘေးမှာ မျက်နှာငယ်လေးနဲ့ ထိုင်နေတဲ့ Tee ကို မတတ်သာသည့် အဆုံး လက်တို့ ပြီး သတိပေးရတော့သည်။
လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က Channel ကနေ Series Trailer လေးစပြခဲ့ ရုံနဲ့ ပရိတ်သတ်တွေရဲ့ စိတ်ဝင်တစား အားပေးမှုကို ရခဲ့ပြီးနောက် series ကို ပွဲစထုတ်ဖို့ ထူးထူးခြားခြားဖြစ်အောင် ပထမပိုင်းကို premiere သဘောမျိုးနဲ့ ပြဖို့ marketing ပိုင်းက အကြံပေးလာတော့ ဒါရိုက်တာကြီး အပါအဝင် သရုပ်ဆောင်တွေ အကုန်လုံးက လက်ခံဖြစ်ခဲ့ကြသည်။ ထုံးစံက ရုံတင်ပြတဲ့ ရုပ်ရှင်တွေ အတွက်ပဲ premiere ဆိုတာလုပ်လေ့ရှိတာပါ။ series အတွက်လုပ်တယ်ဆိုတာ မရှိသလောက်ရှားတယ်လေ။
Trailer ထဲက Tee ရဲ့ ဇာတ်ကောင်က ဇာတ်လိုက် မင်းသမီးကို တဖက်သတ် ကြိုက်နေတဲ့ သူဌေးသား ခပ်မိုက်မိုက်စတိုင်လေး သရုပ်ဆောင်ပြထားတာကြောင့် trailer ကြည့်ရုံနဲ့တင် သူ့အကြောင်းစိတ်ဝင်တစားဖြစ်ပြီး မျက်စိကျလာတဲ့ အမျိုးသမီးထု fan တွေက တစ်ပုံတစ်ပင် ဖြစ်လာကာ instagram ရော twitter မှာပါ follower တွေ မတရားထိုးတက်လာခဲ့သည်။

YOU ARE READING
My စပွန်ဆာကိုကို
Fanfictionတက်သစ်စ မင်းသားပေါက်စ Tee Thanapon နှင့် သူ၏ စပွန်ဆာ သူဌေး🌚🌝