Pattaya သို့

1.9K 156 21
                                    

Unicode Version

အချိန်ဆိုတဲ့ အရာမျိုးက ကိုယ်က မရွေ့စေချင်ရင် အရွဲ့တိုက်ပြီးတော့ ကို မြန်မြန်ရွေ့နေသလား အောက်မေ့ရသည်။ တစ်ညလုံး မနက်သွားရမည့်ခရီးအကြောင်းတွေးကာ ကုတင်ပေါ်မှာ လူးလှိမ့်ပြီး အိပ်မပျော်နိုင်ခဲ့တာ မနက် ၅နာရီလောက်ကျတော့မှ P Tae က တိုက်အောက်မှာ အဆင်သင့်ရောက်နေပြီ ဖြစ်ကြောင်း ဖုန်းခေါ်ပြောလာလေသည်။ အလုပ်ကိစ္စကြောင့်သွားတာဆိုပေမယ့် P တို့ တစ်မိသားစုလုံးက Pattaya ကို road trip သဘောနဲ့ မောင်းသွားကြမှာတဲ့။

အစကတော့ အိပ်ချင်မူးတူးနဲ့ ကားပေါ်တက်လိုက်သွားမလို့ပါပဲ။ ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ P က သူ့အိမ် ကို အရင်ဝင်ပြီး သူ့မိသားစုနဲ့ပေးတွေ့ပြီးမှ ထွက်ကြမှာဆိုတော့ ဖိုသီပတ်သီ ကြီး လူကြီးတွေနဲ့ သွားတွေ့လို့လဲ မဖြစ်တာကြောင့် အချိန်မတော် ၄နာရီလောက်ကတည်းက ထပြီး အလုပ်မရှိရင် အဖက်လုပ်ပြီး မရိတ်ဖြစ်တဲ့ မှုတ်ဆိတ်မွေးတွေကို ပြောင်နေအောင်ရိတ်တယ်။ ရေမိုးချိုးပြီး ဆံပင်ကို hair gel နဲ့ ကျကျနန သေသပ်နေအောင် ပုံသွင်းပြီး အဖြူရောင် ရှပ်လက်တိုကို V neck တီရှပ်ပေါ်ကနေ ထပ်ဝတ်လိုက်တယ်။ လူငယ်စတိုင် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးလည်းဖြစ်ပြီး ပီ့ အဖွားနဲ့ ဖေဖေ ရှေ့မှာလည်း စမတ်ကျကျရှိနေအောင်လို့ပါ။

ပီ တို့ မိသားစုအကြောင်း ကျွန်တော် သိထားသင့်သလောက် P က ပြောပြထားပါတယ်။P တို့အိမ်မှာ လူကြီးက ပီ့အဖွားရယ် ပီ့ဖေဖေရယ်ရှိတယ်ဆိုတဲ့အကြောင်း ရယ် ပီ့ ညီမလေး အကြောင်းရယ် ပြီးတော့ P နဲ့ ဘယ်လို စတွေ့ပြီး ဘယ်လိုချစ်သွားကြတယ် ဆိုတဲ့ အကြောင်းတွေကိုရော နှစ်ယောက်သား line chatroomထဲမှာ အမှားအယွင်းမရှိအောင် သေသေချာချာဇာတ်တိုက်ထားပြီးသားလေ။

လွယ်နေကျ Louis Vuitton ကျောပိုးအိတ်လေး လွယ်ရင်း metallic အနီရောင် သေတ္တာသေးသေးလေးကိုဆွဲပြီး တိုက်ပြင်ကို ထွက်လိုက်တော့ အနက်ရောင် ပြိုင်ကား တစ်စီးရပ်ထားပြီး တံခါးဘေးမှာ လက်ပိုက်ပြီး မှီရပ်ကာ သူလာရာ ကွန်ဒိုပေါက်ဝဖက်ကို ကြည့်နေတဲ့ ဟိုလူကြီး။ အရင်က ကားကတစ်စီး...ခုကျတော့တစ်စီး...ဘယ်နှစီးများရှိနေသလဲမသိဘူး။

My စပွန်ဆာကိုကိုNơi câu chuyện tồn tại. Hãy khám phá bây giờ