Unicode Version
Tae's POV
Series Premiere နေ့တည်းက ဟိုတယ်ကိစ္စတွေနဲ့ အလုပ်ပြန်ရှုပ်ပြီး ကျွန်တော့်ရဲ့ Teeလေးကို လူကိုယ်တိုင်သွားမတွေ့နိုင်ပဲ ဖုန်းပြောလိုက် text ပို့လိုက်ပဲ ဆက်သွယ်နိုင်ခဲ့တာ တစ်ပတ်ကျော်နေပြီ။ လွမ်းလှပြီမို့ ပြေးတွေ့ချင်ပေမယ့် ဟောင်ကောင်က ပရောဂျက်သစ်အတွက် Ai Kim ရော Ai Sing ရော ကျွန်တော်ပါ အိမ်တောင်မပြန်နိုင်ပဲ ဟိုတယ်မှာအိပ် ဟိုတယ်မှာစားရတဲ့ ဘဝရောက်နေတာကြောင့် ဒီ စာချုပ်ကိစ္စတွေ ညှိပြီးမှပဲ သူ့မျက်နှာလေးကို တစ်ဝကြီးထိုင်ကြည့်တော့မယ်လို့ပဲ စိတ်ထဲ တေးထားရတော့တယ်။
ပြီးတော့ ကလေးကို ဖွင့်ပြောလိုက်တဲ့ ကိစ္စကို Ai Kim ကိုပြောပြဖြစ်တော့ ကျွန်တော့်ကို ရှုံ့ရှုံ့မဲ့မဲ့နဲ့ကြည့်ပြီး မင့်ဟာကြီးကလည်း ဒုံးတိကြီး မရိုလိုက်တာတဲ့ အားပါးတရ ကဲ့ရဲ့ပါတယ်။ သူ ပြောမှပဲ ကျွန်တော့်လည်း တွေးရင်းတွေးရင်း stress တောင် ပိုတိုးသွားတယ်။ ကျောင်းတုန်းကတည်းက ခုထိတစ်ခါမှ ရည်းစားစကားမပြောဖူးတဲ့ လူလေဗျာ။ ဘယ်သူ့ကိုမှလည်း ဒီလောက် အရေးမလုပ်ဖူးလို့ စကားကို ချစ်ရင် ချစ်တယ်ပြောလိုက်ရင် ဖြစ်ပြီလို့ထင်ခဲ့တာ။ အလုပ်တွေ အကုန်ပြီးမှပဲ ဘယ်လို ရိုဆန်ဆန် ချစ်ခွင့်ပန်ရမလဲ စနည်းနာတော့မယ်။
ဒီကြားထဲ တစ်ကယ် ပြဿနာအကြီးကြီးတက်သွားတဲ့သူကတော့ Ai'Sing။ ကျွန်တော်နဲ့ Ai Kim က operation ပိုင်းကို ကြည့်ကြပ်နေတော့ Hong Kong က partner နဲ့ ညှိတာတွေ conference call အစည်းအဝေးထိုင်ရတဲ့အပိုင်းကို Ai'Sing က ဒိုင်ခံလုပ်ပေးတယ်။
လွန်ခဲ့တဲ့၂ရက်က ညဖက် အစည်းအဝေးထိုင်အပြီးပေါ့ ဒီကောင် အူယားဖားယား ဝင်လာလို့ ရုံးခန်းထဲ ခဏ ထိုင်ငိုက်နေတဲ့ ကျွန်တော်နဲ့ Ai Kim တောင် လန့်သွားတယ်။
"သေပြီကွာ သေပြီ ငါ Kit နဲ့ ဒိတ်ဖို့ ပြောထားတာ လုံးဝမေ့သွားတယ်။"
"Ai Sing မင်းကတော့ ပျားအုံကို ဒုတ်နဲ့သွားကလိပြန်ပြီနော်။ ဒီမှာ ဘာရပ်လုပ်နေတာလဲ။ သွားတော့လေ။" လို့ Ai Kim က ဟောက်တော့ မျက်နှာငယ်လေးနဲ့ ရပ်ပြီး ဖုန်း screen ကို လာထိုးပြလို့ ကျွန်တော်တို့ ၂ယောက် ခေါင်းချင်းဆိုင်ကာကြည့်လိုက်တော့-
