Confession 2.0

1.6K 141 12
                                    

Unicode Version

"အ..P!!!! ဖြည်းဖြည်း!"

*Ding*

ဓာတ်လှေကားက တုံ့ကနဲ ရပ်သွားပြီး တံခါးပွင့်သွားတော့ lobby ထဲကနေ Tee လက်ကောက်ဝတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကာ ဟိုကြည့် ဒီကြည့် လုပ်ပြီးမှ မလှမ်းမကမ်းမှာရပ်ထားတဲ့ သူ့ကားဆီကို ခပ်သုတ်သုတ် ဆွဲခေါ်သွားတော့ မင်းသားပေါက်စလေး ခမျာ မျက်နှာလေးမဲ့တဲ့တဲ့နဲ့ ပါလာရှာသည်။

"P! ကျွန်တော့်လက် နာနေပြီဆို!"

"ဆော်ရီး ကလေး။" နာနေတယ်လို့ သူ ညဉ်းလိုက်တော့မှ အသိပြန်ကပ်ပြီး လွှတ်ပေးလိုက်မိတော့ ရဲသွားတဲ့ လက်ကောက်ဝတ်လေးကိုပွတ်ကာ မျက်မှောင်ကြုံ့ပြီး မကျေမနပ်ကြည့်လာတော့သည်။

"ဘာတွေဖြစ်နေတာလဲ P။ အယ့်လူက ဘယ်သူလဲ။"

သူမေးတာကို ပြန်မဖြေခင် ကားတံခါးကို ဆွဲဖွင့်ပေးလိုက်ပြီး-

"ကားပေါ်အရင်တက်။ ပြီးရင် ကိုယ်ပြောပြမယ် ဟုတ်ပြီလား။" လို့ပြောလိုက်တော့ မတက်ပဲ လက်ပိုက်ပြီး စိုက်ကြည့်လာတဲ့ လူဆိုးလေး။

"ကလေးက လိမ္မာပါတယ်ကွာ နော်။ P ပြီးရင် တစ်ကယ်ပြောပြမယ် ကတိပေးတယ် ဟုတ်ပြီလား။" မျက်နှာငယ်လေးနဲ့ ချော့ပြောမှ ကားပေါ်သို့ မကျေမချမ်းတက်သွားလို့ တံခါးပိတ်ပေးပြီး Mall CarPark ထဲကနေ မောင်းထွက်လာခဲ့တော့သည်။

+++++++++++++

*Ringgg*

"Krup Khun Jane." ဝင်လာတဲ့ ဖုန်းကို စပီကာ ဖွင့်ဖြေလိုက်တော့ ဘေးမှာ ထိုင်နေတဲ့ Tee တစ်ယောက် မျက်လုံးပြူးသွားသည်။ ဟုတ်သားပဲ။ show ကနေ လစ်ထွက်လာတာ khun mae ကို ဘာတစ်ခု မပြောခဲ့ဘူးလေ။ ဆူခံထိတော့မှာ ကျိန်းသေတယ်။

P Jane: "Khun Tae က အခု Yim နဲ့ရှိနေတာလား။ မပြောမဆိုနဲ့ ပျောက်သွားလို့ khun ရေ။"

Tae: "ဆော်ရီး Khun Jane ကျွန်တော် မပြောမဆိုနဲ့ ခေါ်လာလိုက်မိတယ်။ schedule ရှိသေးတယ်ဆိုရင် ရှိတဲ့နေရာကို လိုက်ပို့ပေးလိုက်ပါ့မယ်။"

P Jane: "schedule တော့ မရှိတော့ဘူး khun tae။ သူ ပွဲအတွက် ညကတည်းက ဘာမှ မစားထားရသေးလို့ အဲဒါ-"

My စပွန်ဆာကိုကိုحيث تعيش القصص. اكتشف الآن