Unicode Version
Final ကလည်း ကပ်လာပြီ။ Series ကြောင့် ပျက်ထားတဲ့ အတန်းတွေကများပီမို့ ဒီအပတ်ကစပြီး အတန်း သေချာပြန်တက်ရတော့မည်။ မဟုတ်ရင်တော့ အောင်မှတ်ရဖို့ မလွယ်ရေးချ မလွယ်နိုင်တော့...ဟူးး။
*DING DONG*
တွေးရင်း မနက်ခင်း အတန်းအတွက် ဧည့်ခန်းထဲက ဆိုဖာ လက်တန်းပေါ်မှာ ကျောပိုးအိတ်ကိုတင်ပြီး စာအုပ်တွေ ထည့်နေတုန်း ဘဲလ်တီး လာလို့ P Jane ကျောင်းပို့ဖို့ လာခေါ်ပြီ အထင်နှင့် တံခါးဖက်ကို လှည့်ကြည့်လိုက်ရင်း-
"လော့မချထားဘူး Khun Mae krap~" လို့ တစ်ချက် လှမ်းအော်ပြီး စာအုပ်ပြန်စစ်ဖို့ အာရုံ ပြန်စိုက်နေတုန်း ရှေ့တံခါးမကြီး ကျွီခနဲ ပွင့်သွားသည်။
"Nong Tee?"
အွန်။ ယောကျၤားလေး တစ်ယောက်အသံမို့ P Jane လည်း မဟုတ်ပါလားလို့ တွေးပြီး တံခါးဖက်ကို လျှောက်သွားကြည့်လိုက်တော့-
"P'Krist???? P က ဒီကို ဘယ်လို-" တံခါးဝမှာ လွယ်အိတ်တစ်အိတ်နဲ့ ရပ်နေတဲ့သူကြောင့် Tee မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ Pattaya က ပြန်လာကတည်းက တစ်ခါမှ ထပ်မတွေ့သေးတဲ့ P'Krist က ဘယ်ကနေ ဘယ်လိုရောက်လာတာ-
မေးလိုက်တော့ P က ပင်ပန်းနေတဲ့ မျက်နှာလေးနဲ့ အားနာသယောင် ပြုံးပြလာသည်။
"ဆော်ရီး Nong Tee။ P ရုတ်တရက်ကြီးရောက်လာတာ လန့်သွားလား။" ပြောရင်း လည်ပင်းကို ခပ်ဖွဖွ ပွတ်နေတဲ့ P Krist။
"K-Krap P. ရပါတယ်။ အထဲဝင်ခဲ့ပါ။"
တံခါးကို ကျယ်ကျယ် တွန်းဖွင့်ပေးလိုက်တော့ ဖိနပ်ကို သေသေသပ်သပ်ချွတ်ပြီး ဟိုကြည့် ဒီကြည့်လေး လုပ်ကာ ဝင်လာခဲ့သည်။
"P က ကျွန်တော့်ဆီ ကို ဘယ်လိုလုပ်ပြီး-"
"P အိမ်ပေါ်က ဆင်းလာတာ။"
"ဗျာာာာာာာာာာာာာ?"
"ဟုတ်တယ် Nong။ တစ်ခြားနေရာတွေဆို Ai'Tae သိမှာစိုးလို့ ကြံရာမရဖြစ်နေတုန်း Ai'Kim ဆီကနေ Nong လိပ်စာရခဲ့တာ။ ဆောရီးနော် Nong။ အားလည်း တစ်ကယ်နာပါတယ်။ P ကို ခဏလောက် ပေးတည်းပါလားဟင်။" ပြောရင်းဆိုရင်းနဲ့ မျက်ရည်တွေ ဝိုင်းလာလို့ Tee တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိတွေ ဖြစ်သွားရသည်။

KAMU SEDANG MEMBACA
My စပွန်ဆာကိုကို
Fiksi Penggemarတက်သစ်စ မင်းသားပေါက်စ Tee Thanapon နှင့် သူ၏ စပွန်ဆာ သူဌေး🌚🌝