Teddy Bear Got Me in Trouble

1.3K 70 15
                                    

Unicode Version

Tee's POV

ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတဲ့ အချိန်တွေဟာ အကုန်မြန်တယ်ဆိုတာ တစ်ကယ် အမှန်ပါပဲ။ အခုဆို PTae နဲ့ ကျွန်တော် ချစ်သူ သက်တမ်း တစ်လပြည့်သွားခဲ့ပြီ။ နောက်ဆုံးနှစ် ကျောင်းသားဖြစ်တဲ့ ကျွန်တော့်မှာ ဒီတစ်လအတွင်း အနုပညာ အလုပ်တွေပါ ခဏ နားထားပြီး စာမေးပွဲ အတွက် သေသေချာချာ ဂရုစိုက် နေရတဲ့ အချိန်လည်းဖြစ်နေတယ်။ ဒီ semester ပြီးရင် TeeTee တို့ ဘွဲ့ရပြီလေ။

အတန်းရှိတဲ့ နေ့တွေတိုင်း မနက်၇နာရီလောက်ဆို Phi က မနက်စာလေး ပါဆယ်ဆွဲပြီး ကျွန်တော့် ကွန်ဒိုကို အလုပ်မသွားခင် ရောက်အောင်လာတယ်။ နှစ်ယောက် အတူတူ စားသောက်ပြီးမှ ကျွန်တော့်ကို ကျောင်းဝင်ပို့ရင်းသူက အလုပ်ဆက်သွားတယ်။ ညနေအတန်းမရှိရင်တော့ ကိုယ့် ဟာကိုယ် အရင်ပြန်ပြီး စာကျက်ဖြစ်တာများပါတယ်။ အပြန်နောက်ကျတဲ့ နေ့မှ Phi က သူရုံးဆင်းရင် ဝင်ကြိုတယ်လေ။  ဒါက ကျွန်တော်တို့ နှစ်ယောက်ရဲ့ နေ့စဉ် routine ဖြစ်နေပြီ။

ခု စဉ်းစားကြည့်မှ မဒိတ်ဖြစ်တာတောင် တော်တော် ကြာနေပြီပဲ။ ကျွန်တော်တို့ စစ official ဖြစ်ချင်း P'Kit ကို အိမ်လိုက်ပို့တဲ့နေ့က တစ်ခါပဲ ကောင်းကောင်းမွန်မွန် ဒိတ်လိုက်ရတယ်။ ကြားထဲမှာ တွေ့တဲ့ဆိုင် ဝင်စားလိုက်ကြ အိမ်မှာပဲ ဖြစ်သလို တွေ့လိုက်ကြနဲ့ တစ်ခါမှ ကောင်းကောင်း အေးဆေး မဒိတ်ရသေးဘူး။

အော် P'Kit ဆိုလို့ ပြောရအုန်းမယ်။ သူ့ချစ်သူ P'Sing ခမျာ မနည်း မရမက ချော့မော့ယူတာတောင် တစ်လလုံးလုံး ဘာအလုပ်မှ မလုပ်ပဲ နှစ်ယောက်ခရီး တူတူ ထွက်ပါ့မယ်လို့ ပြောပြီး ချော့တော့မှပဲ စိတ် ဆိုးပြေသွားလေရဲ့။ ခုတော့ ၂ယောက်တူတူ ပြင်သစ်ရောက်နေတယ်ကြားတယ်။

P'Sing ကလည်း တစ်လလုံးလုံး ခွင့်ယူသွားတာဆိုတော့ P'Kimနဲ့ ကျွန်တော့် ချစ်သူ အတွက် အလုပ်တွေ ပိုများလာတယ် ဆိုပါတော့ဗျာ။

———

"ကလေး"

"....."

"Tee..."

"....."

"...."

"အာ့ ပီ!!!!!!" ပါးဖောင်းဖောင်းကို အားရပါးရညှစ်ပြီး ဆွဲလှုပ်လိုက်တော့မှ သူ့အသားနာသွားလို့ မျက်စောင်းခဲပြီး အော်လာတဲ့ သူ့ကို ဘေးက လူကြီးက စတီယာရင် ပေါ်လက်တင်ပြီး ခပ်ကျဲကျဲ ရယ်သည်။

You've reached the end of published parts.

⏰ Last updated: Apr 01, 2020 ⏰

Add this story to your Library to get notified about new parts!

My စပွန်ဆာကိုကိုWhere stories live. Discover now