Unicode Version
3rd Person POV
"ဟူးးးး ပြီးပြီ"
နောက်ဆုံးကျန်တဲ့ အိပ်ယာခင်း ကို လဲပြီးပြီးချင်း ကုတင်ပေါ်သို့ Tee ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။
အိမ်ကို ညအိပ်ညနေ ဧည့်သည်ဆိုတာ မျိုးက Khun Mae က လွဲပြီး လာနေကျမရှိတော့ ရှင်းမထားတာကြောင့် ကွန်ဒိုခန်း တစ်ခုလုံးကလည်း သပ်သပ်ရပ်ရပ်ရှိမနေ။ အိပ်ယာခင်းဆိုတာကလည်း ကိုယ့်ဟာနဲ့ကိုယ်ဆို တစ်လနေမှ တစ်ခါလောက် လဲတာ ဆိုပေမယ့် P'Kit ကိုတော့ ဒီတိုင်း မသိပ်ချင်လို့ ခေါင်းအုံးစွပ်က အစလဲပြီး အဟောင်းကို လျှော်ရမည့် ခြင်းထဲ ပစ်ထည့်ထားလိုက်သည်။
ညနေစောင်းလောက်ကတည်းက စားသောက်ပြီး အခန်းထဲ ရှင်းဖို့ ဝင်လာတာဆိုတော့ အချိန်လည်း နည်းနည်းကြာသွားခဲ့ပြီ။ ဟို သူငယ်ချင်းနှစ်ယောက်ကို ဧည့်ခန်းထဲ တူတူထားခဲ့ရတာကို မေ့တော့မလို့။ တစ်မနက်လုံးလည်း တစ်ယောက်နဲ့ တစ်ယောက် ထိုင်ရင်ထိုင်ပြန်ပြီ ထရင်ထပြန်ပြီ တစ်လုံးမကျန် ရန်စပြောဆိုနေကြလို့ Teeကပဲ မနေနိုင်တဲ့ အဆုံး ဝင် ဖျန်ဖြေပေးရသည်။ ခုလည်း ထသတ်နေကြပြီလား မသိဟူသော အတွေးနဲ့ သက်ပြင်း သက်မ ချပြီး အပြင်ကို ထွက်လာတော့-
ဆိုဖာ အစွန်း တစ်ဖက်ဆီ မှာ ထိုင်ပြီး အေးအေးလူလူ မဂ္ဂဇင်း တစ်အုပ်ကိုင်ဖတ်နေသော P'Kit ကို ခြေထောက်ကြီး ချိတ်ကာ မျက်ထောင့်နီ ကြီးဖြင့် မကျေမနပ်ကြည့်နေသော P Tae နှင့် တန်းတိုးပါတော့သည်။ ဧည့်ခန်းထဲက လေထုက ကြောက်ခမန်းလိလိပါပဲ အိမ်ရှင် ဖြစ်တဲ့သူတောင် ဘယ်နေရာပြေးပုန်းရမလဲ မသိအောင် ကျောတွေချမ်းသွားရသည်။
"ဟို PKit ကျွန်တော် အိပ်ယာပြင်ပြီးပြီ။ Phi နားချင်ရင် ဝင်နားလို့ရပြီနော်။"
လို့ သူပြောလိုက်သည်ကို ကြားတော့ pTae က တစ်ခုခု ပြောရန် ပါးစပ်ဟနေပြီ။ အဲ့ဒါကြောင့် သူ့ဘက်ကို တစ်ချက် လှည့်ကြည့်ပြီး မပြောရန် ခေါင်းခါပြလိုက်တော့မှ ပါးစပ်ပြန်ပိတ်သွားတော့သည်။
P Kit ကတော့ သူဖတ်နေတဲ့ စာအုပ်ကို ဆိုဖာပေါ်ချပြီး လက်မြှောက်အကြောဆန့်လိုက်ကာ-

VOCÊ ESTÁ LENDO
My စပွန်ဆာကိုကို
Fanficတက်သစ်စ မင်းသားပေါက်စ Tee Thanapon နှင့် သူ၏ စပွန်ဆာ သူဌေး🌚🌝