Unicode Version
Author Note [phoebekun] : အရမ်းကြာသွားတယ်နော် အကောင့် pw မေ့သွားလို့ပါ : ' ) အခုမှ ပြန်ရတာ။ Fic ကို FB က TaeTee Page တစ်ခုမှာလည်း up ပေးနေပါတယ်လို့
-----------------------
"ခ-ခဏ ခင်ဗျား ဘာပြောလိုက်တာ?" နားကြားများမှားသွားသလားဟင်။
သူ-သူ့ကို gay ဟုတ်လား မဟုတ်လား စမ်းသပ်ပေးရမယ်လို့ ပြောလိုက်တာလား။ ဘာတွေလဲ။ ဘယ်လို တောင်စမ်းသပ်ပေးရမှာလဲ။ တွေးရင်း နဖူးမှာ ချွေးစေးတွေတောင် ဆို့လာတယ်။ Mae ရေ Mae သားတော့ ကိုယ်ကျိုးနည်းတော့မယ် ထင်တယ်ဗျ။
"ဟုတ်တယ်။ ကိုယ် သေချာသိဖို့ မင်းရဲ့ အကူအညီလိုတယ် ချာတိတ်။" သူက တော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ရုပ်လေးနဲ့ ခုံပေါ်က ကော်ဖီခွက်ကို ကုန်းယူကာ တစ်ကျိုက်သောက်လိုက်ပြီး အကြီးအကျယ် shock ရသွားသော မင်းသားသစ်လေး ဖက်ကိုပြန်မော့ကြည့်လာသည်။
"အံ့သြသွားလား ချာတိတ်။" တဲ့
မေးလည်းမေးတတ်တယ်နော်။ တစ်သက်လုံးစော်ကြည်လာတဲ့ ဒီလူကို သူ့ gay ဟုတ်လား မဟုတ်လား သိအောင်စမ်းပေးရမယ်တဲ့။
သူ့ကိုပြန်ပြီး ကြောင်ကြည့်နေရာကနေ အသိပြန်ဝင်လာတော့ လည်ချောင်းရှင်းဟန်နဲ့ ချောင်းကို နှစ်ခါလောက်ဆင့်ဟန့်လိုက်ပြီး ကိုယ့်အမူအရာကိုပြန်ထိန်းလိုက်ရသည်။
"Mr.K ခင်ဗျ။ ခင်ဗျားတော့ လူရွေးမှားပြီ ထင်တယ်။ က-ကျွန်တော် ကိုယ်တိုင်ကလည်း gay မဟုတ်ဘူးလေ။ ဘ-ဘယ်လိုလုပ်ပြီး စမ်းသပ်ပေးရမှာလဲဗျ"
"မင်းရဲ့ role ကရှင်းပါတယ်။ ကိုယ်နဲ့တွဲပေးလေ။"
"ဘာဗျ!" ငှယ် ဒီလူကြီးတော့ လက်သီးစာ မိချင်နေပြီလား။ ဒီက gay မဟုတ်ပါဘူးလို့ ပြောနေတာကို သူနဲ့ တွဲပေးတဲ့။ တွေးရင်းတွေးရင်း ဒေါသတွေက အချောင်းလိုက်ထွက်လာပြီနော်။
"ဒီမှာဗျ။ ကျွန်တော် က gay မဟုတ်ပါဘူးလို့ ပြောပြီးပြီလေ။ ကျွန်တော် ပြန်တော့မယ်ဗျာ။" လူက ဒေါသကလည်းထွက်နေတော့ လေသံကလည်း မာသွားပြီး ထိုင်နေရာကနေထလိုက်တော့ ပြုံးပြုံးကြီး ကြည့်နေတဲ့ အယ့်လူမျက်နှာကြီးနဲ့ တန်းတိုးတော့တာပဲ။ အမလေး ကျောချမ်းလိုက်တာ ဘယ်လို လူပါလိမ့်နော်။
DU LIEST GERADE
My စပွန်ဆာကိုကို
Fanfictionတက်သစ်စ မင်းသားပေါက်စ Tee Thanapon နှင့် သူ၏ စပွန်ဆာ သူဌေး🌚🌝