Unicode Version
"P'Jane krup, ကျွန်တော်တစ်ယောက်တည်းတက်သွားရမှာလားးးးးဖြစ်ပါ့မလားလို့။" Van အမည်း၏ နောက်ခန်းကားထိုင်ခုံပေါ်တွင် ဂဏာမငြိမ် လှုပ်ရွရွ ဖင်တကြွကြွနဲ့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသော Tee တစ်ယောက် မန်နေဂျာမ P Jane ကို ၁၂ကြိမ်မြောက်မေးမိခြင်းပင်ဖြစ်သည်။
"ဘယ်လိုဖြစ်နေတာလဲ Nong Tee ရယ်။ ဟိုက နင်တစ်ယောက်ထဲလွှတ်လိုက်ပါလို့ request လုပ်ထားပါတယ်လို့ ပြောနေတာ ဘယ်နှစ်ခါရှိနေပြီတုန်း ဟူးးးးး ငြိမ်ငြိမ်နေစမ်း ငါမျက်စိနောက်လာပြီ" ခပ်စွာစွာ ဟောက်လိုက်တော့မှ မျက်နှာငယ်လေးနဲ့ သူထိုင်နေသောခုံမှာ ဇက်ကလေးပုကာ ကုပ်ကုပ်ကလေးငြိမ်ကျသွားတော့ Janeanမှာ အော်လိုက်မိတာတောင် သနားမိသွားသည်အထိပင်ဖြစ်ရတော့သည်။
Tee Thanapon ဆိုသာ ထိုအနှီလူသားလေးသည် အသက် ၂၄နှစ်ရွယ် ရှိ သော တက်သစ်စမင်းသားပေါက်ကလေးတစ်လက်အဖြစ်လှုပ်ရှားနေသူလေး။ တက္ကသိုလ် ပထမနှစ်ကတည်းက အနုပညာလောကထဲသို့ခြေစုံပစ်ဝင်လာသော အချိန်တုန်းကတော့ မော်ဒယ်ပေါက်စလေးတစ်ယောက်ပေါ့။ သရုပ်ဆောင်တာ ဝါသနာပါတဲ့အလျောက် ဖြေးဖြေးချင်း သရုပ်ဆောင်လိုင်းကိုပြောင်းပေးဖို့ မန်နေဂျာ မမကို ပူဆာမြဲ ပူဆာနေခဲ့သော်လည်း အတွေ့အကြုံမရှိတာရယ် နောက်ခံ support လုပ်ပေးမယ့် ကျောထောက်နောက်ခံ agency က တောင့်တောင့်တင်းတင်း မရှိတာရယ်ကြောင့် offer ရော casting ရော ဆက်သွယ်လာခြင်းမရှိခဲ့ပေ။
လွန်ခဲ့သော ၆လလောက်က fashion week အတွက် ရှိုးပွဲလျှောက်ပြီး ညစာ စားမည်ဟုတွေးကာ ထွက်လာချိန် P'Jane ဆီက ဖုန်းဝင်လာခဲ့သည်။ casting တောင်မလိုပဲ series တစ်ခုက သူ့ကို offer ပေးသည်တဲ့လေ။ Tee တစ်ယောက် ကိုယ့်နားကိုယ်ပင် မယုံနိုင်လို့ ပါးတွေရော ပေါင်တွေရော ကိုယ့်ဟာကိုယ်တောင် ဆွဲလိမ်မိသည်။ တစ်ကယ် လား အိပ်မက်လား ဘာလားပေါ့။ ရုတ်တရက်ကြီး ကံတွေကဘယ်လိုတွေတောင်ကောင်းနေတာလား။အဲဒီလိုနဲ့ ကားစရိုက်တဲ့အချိန်ကျမှ P Jane တစ်ယောက် သူ့အတွက် စပွန်ဆာ လက်ခံခဲ့ခြင်းဖြစ်တာကို သိရတော့သည်။ စစ ခြင်းသိရတုန်းကတော့ P Jane ကို စိတ်တွေဆိုးခဲ့တာ အရမ်းပဲလေ။ ကိုယ့်အားကိုယ်ကိုးပြီးရှာရမယ့်ကိစ္စကို အခုတော့ စပွန်ဆာကြီးနဲ့ လူကြားလို့မှလည်းမကောင်း။ သို့ပေမယ့်လည်း အဲဒီ အချိန်ကစပြီး ရှုတင် အတွက် အဝတ်အစား ဖိနပ်တွေကအစ စီးသော ကားအဆုံး သက်တောင့်သက်သာနှင့် လိုအပ်သည်ထက်ပိုလျှံနေအောင်ရှိနေခဲ့သည်မို့ စပွန်ဆာကျေးဇူးကားကြီးမားလှပေသည်။
