[A/N: အောက်မှာ ဇော်ဂျီ ဗားရှင်းထည့်ပေးထားပါတယ်နော် ဇော်ဂျီသမားတွေအောက်မှာဖတ်လို့ရပါတယ်လို့ 😊]
+Unicode Version+
3rd Person POV
နိုးနေကျ အချိန် ထက်ကျော်ပြီး အိပ်လေ့အိပ်ထ မရှိတဲ့ Kristတစ်ယောက် ခေါင်းအုန်းအောက်က ဖုန်းကို ထုတ်ကြည့်ဖြစ်တော့ မနက် ၆နာရီပင် မထိုးသေး။
သာမန်နေ့တွေဆို P'Singအတွက် သူမနိုးခင် မနက်စာနဲ့ အလုပ်သွားရင်ဝတ်ဖို့ အင်္ကျီက အစ ကိုယ်တိုင်ထပြင်ပေးနေကျမို့ ယခုလို အိပ်ယာပေါ် လူးလိမ့်နေဖို့ အချိန်မရသည် က များသည်။ဒီနေ့ပါဆို ချစ်သူမရှိတဲ့နေရာမှာ နိုးထလာရတာ ၂ရက်တောင်ရှိခဲ့ပြီ။ သူမရှိရင် ပီတစ်ယောက်မနက်စာမှ စားဖြစ်ရဲ့လား...သူလည်း ပီ့ကို ပြောမပြတတ်တောင်ကိုလွမ်းနေခဲ့ပြီလေ။ ဒါပေမယ့် ဒီလိုလွယ်လွယ်နဲ့လည်း ပြန်ခွင့်မလွှတ်ချင်သေး။ ခြင်္သေ့စုတ်ကို သင်ခန်းစာနာနာလေး ပေးချင်သေးသည်။
ဒီလိုနဲ့ အိပ်ယာပေါ် ထထိုင်ပြီး အကြောဆန့်ကာ အိပ်ယာဘေးမှ လွယ်အိတ်ထဲက အင်္ကျီ သစ် တစ်စုံကို ယူပြီး ရေမိုးချိုး လဲပြုပြီးသကာလ မနက်စာ ပြင်စရာရှိလိုရှိငြား စနည်းနာရန် အခန်းပြင်သို့ ထွက်လာတော့-
၂ယောက်ထိုင် ဆိုဖာပေါ်မှာ တစ်ယောက်ပေါ်တစ်ယောက်ဆင့်ပြီး အိပ်နေတဲ့ Ai'Tae တို့ အတွဲ။ Nong Teeက Ai'Tae ရင်ဘတ်ပေါ်မှာ မှောက်ယှက်သား အိပ်နေပြီး ဟို ကလန့်ကလားကတော့ သူ့ခြေထောက်နဲ့ ဆိုဖာနဲ့ မဆန့်လို့ ထင်ပါရဲ့ ခြေထောက်တစ်ဖက်က ဘေးမှာ တွဲလောင်းကျနေလေသည်။
Kitလည်း ရှေ့က မြင်ကွင်းကြောင့် အားနည်းနည်း နာသွားပြီး အထဲဝင်အိပ်ခိုင်းမည် အကြံနှင့် Ai'Tae လက်မောင်းကို အသာတို့လိုက်သည်။
"Hmmm???" အိပ်ချင်မူးတူးနဲ့ ထကြည့်လာတော့-
"Ai'Tae, အထဲသွားအိပ်တော့သွား။"
"Ai'Kitt??"
"အေး အထဲသွားအိပ်တော့ Nong Tee ကိုလည်း အထဲခေါ်သွား။ မင်း ခါးနာနေမယ်။"
Ai'Tae တစ်ယောက် မျက်လုံးကို အိပ်ချင်မူးတူးပွတ်ပြီး ဝါးကနဲ သမ်းလိုက်သည်။ ပြီးတော့မှ သူ့ရင်ဘတ်ပေါ်က Nong Teeကို တစ်ချက်ကြည့်ကာ ဖြေးဖြေးချင်းထထိုင်လိုက်ပြီး အိပ်မောကျနေသေးသော ကောင်လေးကို ပွေ့ချီလိုက်သည်။