အပိုင်း (၁)

22.9K 1.2K 37
                                    

ကြင်ရာတော် ချန်အန်း

အပိုင်း (၁)

English Translator : Xah Xiaoran

Myanmar Translator: Mioki Midori

"သခင်လေး...သွားဖို့ အချိန်ကျပြီ...

သခင်ကြီး ပို့လိုက်တဲ့ မြင်းလှည်းက အပြင်မှာ အဆင်သင့် စောင့်နေပြီ"

မနေ့ညက ဘယ်နှစ်ကြိမ်မှန်းမသိအောင်ကို ငိုထားတဲ့ ချွန်းယွီရဲ့မျက်လုံးတွေက နီရဲလို့နေပြီ။ ဒါပေမယ့်လည်း အခုလို သူမရဲ့သခင်လေးရဲ့ပုံစံလေးကို မြင်လိုက်ရပြန်တော့ ရင်ထဲကဝမ်းနည်းစိတ်၊ သနားစိတ်ကို ဘယ်လိုမှ ထိန်းလို့မရနိုင်ဘူး။

"မေမေ....ဟောဒီသားက တာဝန်မကျေဘူး....ဟောဒီသားက....တာဝန်မကျေနိုင်တော့ဘူး...."

[ကောင်းကောင်းမွန်မွန် အိမ်ထောငိပြု၊ ပြီးတော့ နန်းတွင်းဝန်ထမ်းစာမေးပွဲကို အောင်မြင်အောင်ဖြေ]

အဲ့ဒီမျှော်လင့်ချက်က သူ့မေမေ အသက်ရှင်စဉ်ကာလက သူ့အပေါ်ထားခဲ့တဲ့ ရိုးရှင်းတဲ့ မျှော်လင့်ချက်၊ ဆန္ဒတခုပေါ့။

ဒါပေမယ့် သူ့မေမေထားခဲ့တဲ့ အဲ့ဒီမျှော်လင့်ချက်လေးကို ဒီတသက်ပြည့်အောင် ဖြည့်ဆည်းပေးဖို့ သူ့မှာ အရည်အချင်းမရှိတော့ဘူး။ သူ... ဒီတသက် မဖြည့်ဆည်းပေးနိုင်တော့ဘူး။ သူ.... မလုပ်နိုင်တော့ဘူး။

ထိုမျှော်လင့်ချက်လေးအစား ဒီသုံးနှစ်အတွင်း သူ့ရင်ထဲ၊ နှလုံးသားထဲကကို တောင့်တနေခဲ့ရတဲ့ ဆန္ဒကြီးတခုကိုတော့ နောက်ဆုံးမှာတော့ ဖြည့်ဆည်းပေးနိုင်မယ့် အခွင့်အရေးတခုကို သူ ရခဲ့ပြီ။

"ချွန်းယွီ...သွားကြရအောင်"

နောက်ကိုလှည့်လာတဲ့ သူ့မျက်နှာမှာ ဝမ်းနည်းပူဆွေးမှုတွေ ပျောက်ကွယ်သွားခဲ့ပြီး တုံ့ဆိုင်းတွေဝေမှုမရှိ ခိုင်မာတဲ့ အကြည့် အမူအရာတို့က အစားထိုးဝင်ရောက်လာခဲ့သည်။

ရှီချန်အန်း....သူ အနောက်ကိုလှည့်လိုက်တဲ့ အချိန်လေးအတွင်းမှာ သူ့ကိုကြိုဖို့ ရှီအိမ်တော်က လွှတ်လိုက်တဲ့ မြင်းလှည်းဆီက အသံတချို့ကြားလိုက်ရသည်။

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(Myanmar Translation)(Zawgyi)Where stories live. Discover now