Zawgyi:
Behind The Heart ♥ Chapter {1}
________________________________
ရုတ်တရက်ရွာမလိုဟန်ပြင်သော မိုးသက်လေပြင်းများကြောင့် အထက (၁) အထက်တန်းကျောင်းရဲ့ ကျောင်းဝန်းထဲကျောင်းသူကျောင်းသားတွေတလှုပ်လှုပ် တရွရွ ဖြင့် ရုန်းရင်းဆန်ခက်ဖြစ်နေသည်။ ညနေကျောင်းမဆင်းခင် မိုးလေဝသ ပြင်းထန်လာမည်မို့ ကျောင်းစောစောဆင်းရန် ကျောင်းအုပ်ကြီးရုံးခန်းမှ လော်စပီကာဖွင့်၍ သတိပေးကြေငြာ လိုက်သည်။ဒသမတန်းA ရဲ့မိန်းကလေး role နောက်ဆုံးတန်းမှာထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ကတော့ ညို့ မိုင်းနေသည့် ကောင်းကင်ကိုငေးကြည့်နေပြီး အိမ်ပြန်ဖို့ကိုအလောတကြီးဖြစ်နေသည်။ ဖွေးဥနေသောအသားအရေနှင့်နှုတ်ခမ်း နီဆွေးဆွေးလေးတွေ သူများထပ်ထူးခြားတဲ့ မျက်ဝန်းအိမ်နက်နက်တွေ၊ ကော့စင်းနေသည့်မျက်တောင်လေးတွေကြောင့် သနပ်ခါး၊မိတ်ကပ် စသည်များ အထူးတလည် ချယ်မှုန်းစရာမလိုပဲ ပကတိချောမောလှပလွန်းနေသည်။သူမနာမည်က တစ်ကျောင်းလုံး မသိသူမရှိသည့် Top 1မေသော်စစ်ဖြစ်သည်။
အများထက်ထူးခြားလွန်းသည့် ခန္တာကိုယ်တည်ဆောက်ပုံရှိပြီး သာမန်မိန်းခလေးတွေထက် အရပ်ပိုရှည်နေသည်မှာလဲ မေသော်စစ်၏ထူးခြားချက်ဖြစ်သည်။ကျောင်းဆင်းbellမြည်သည်နှင့် မေသော်စစ်ပြေးထွက်သွားသည်မှာ ကမ်းခြေဘက် တောင်ကုန်းပေါ်ကနှစ်ထပ်အိမ်လေးဆီဖြစ်သည်။
"မေမေ...မေမေ"
မေသော်စစ်ခေါ်သံကို မည်သူတစ်ဦးတစ်ယောက်မှ ပြန်လည်ဖြေကြားခြင်းမရှိ။အိမ်အပေါ်ထပ် ၊အောက်ထပ်နှစ်ထပ်လုံး ဘယ်သူမှမရှိသည်မှာသေချာသည်။ ထိုစဉ် ထမင်းစားခန်းပြတင်းပေါက်မှ အိမ်နောက်ဘက် ပန်းခင်းတွေထဲ မလှုပ်မယှက် ရပ်နေသည့် ဒေါ်မိုးမြင့်မာန်ကို မေသော်စစ် ဖြတ်ခနဲလှမ်းတွေ့လိုက်သည်။
"မေမေ...ဘာလုပ်နေတာလဲ.. မိုးရွာနေတယ်လေ
ဟာ..တကယ်ပါပဲ"သူမ အိမ်အနောက်ဘက် ပန်းခင်းဆီပြေးထွက်ခဲ့ပြီး အော်ဟစ်လိုက်ပါသည်။
"မေမေ...မေမေ..မိုးရွာနေတယ်လေ လာအိမ်ပြန်ရအောင်နော်..နော်မေမေ "
YOU ARE READING
Behind The Heart
RomanceZawgyi: နှလုံးသားရဲ့ နောက်ကွယ်မှာ ဖြူ စင်တဲ့ချစ်ခြင်းမေတ္တာတွေရှိတယ် အဲ့ဒီချစ်ခြင်းမေတ္တာတွေမှာ စည်းတွေ၊ဘောင်တွေမရှိဘူး ကန့်သတ်ချက်နယ်နိမိတ်တွေမရှိဘူး မဆုံဆည်းနိုင်ခဲ့ဘူးဆိုရင်တောင်မှ လက်ပြနူတ်ဆက် ပြုံးပြနိုင်မယ်မလား......။ Unicode: နှလုံးသားရဲ့ နော...