Zawgyi:
ညတစ်ညရဲ့ အားလပ်ချိန်မှာ မေသော်စစ်တို့ညီအမနှစ်ယောက် အခန်းဝရံတာမှ ကြည်လင်တောက်ပနေသောညကောင်းကင်ပြင်ကြီးကိုငေးမောရင်း စကားလက်ဆုံကောင်းနေကြသည်။
"သော်သော် ဒီနေ့ညမှကြယ်လေးတွေက ပိုပြီးတောက်ပနေသလိုပဲ "
"အင်း ဟုတ်တယ်နော် "
"ဒီလို ကြယ်လေးတွေကိုကြည့်ရတာ သိပ်ပြီးစိတ်ချမ်းသာစရာကောင်းတာပဲ ဒါပေမယ့် သူတို့ကိုကြည့်ရတာ အထီးကျန်နေသလိုပဲနော်"
" ခရစ်စတင်းကိုမမပြောပြမယ်
ငယ်ငယ်က မမ မေမေပြောဖူးတဲ့ပုံပြင်ရှိတယ်
အဲ့ပုံပြင်မှာ ကြယ်လေးတွေကအိုကံကောင်းကြတယ်""အိုကံကောင်းတယ် ဟုတ်လားသော်သော် ဘယ်လိုမျိုးလဲ"
"ဟုတ်တယ်... သူတို့က အမြဲတမ်းအထီးမကျန်ဘူးတဲ့ သိပ္ပံပညာရပ်နဲ့ကြ ဒီပုံပြင်ကမှားမလားမသိဘူး
ဒါပေမဲ့ ယုံကြည့်မှု့ကတခါတရံ စိတ်ကိုအလေးသာသွားစေတယ်မလားး""အဲ့ပုံပြင်က ဘယ်လိုမျိုးလဲသော်သော် ခရစ်စတင်းကိုပြောပြ"
"ပြောပြမယ်နော်....ပုံပြင်ထဲမှာ ကြယ်လေးတွေက သူတို့ရဲ့ဘဝတစ်ဝက်ကို လူသားတွေအထီးမကျန်ဖို့အဖော်ပြုပေးရတယ်တဲ့ ကျန်တဲ့တစ်ဝက်မှာတော့ သူတို့ရဲ့အလင်းဓာတ်ကိုဖောက်ခွဲပစ်ပြီး သမုဒ္ဒရာထဲကိုကြွေကျသတဲ့
ဒါပေမဲ့ သူတို့ကအိုကံကောင်းကြတယ် သမုဒ္ဒရာရဲ့အနက်ရှိုင်းဆုံးနေရာမှာ သူတို့ကိုစောင့်နေတဲ့ နှလုံးသားတစ်စုံစီရှိသတဲ့ နှစ်ပေါင်များစွာကြာတာတောင် တစ်ဆက်လေးမှမညည်းမညူ ပဲစောင့်နေတာတဲ့ "
"ပုံပြင်လေးကဆွေးဆွေးလေးနော်"
"ဟုတ်တယ် မမဆို မေမေကအထပ်ထပ်အခါခါပြောနေလဲ နားထောင်ရတာ မရိုးသွားဘူး"
မေသော်စစ် အခုမှတွေးကြည့်မိသည် ဒီပုံပြင်လေးက မေသော်စစ်မေမေ၏ ဖန်းတီးချဲ့ထွင့်ထားသည့်ပုံပြင်လေးလဲဖြစ်နိုင်သည်။ မေမေသည် ဖေဖေ့ကို စောင့်မျှော်နေခဲ့ပုံလဲရသည်။မေသော်စစ်အတွေးထဲတွင် မိခင်၏ညိုးနွမ်းနေသေ.အပြုံးများနှင့် ရီဝဲနေသောမျက်ဝန်းများကိုပြန်မြင်ယောင်လာသည်။

YOU ARE READING
Behind The Heart
RomanceZawgyi: နှလုံးသားရဲ့ နောက်ကွယ်မှာ ဖြူ စင်တဲ့ချစ်ခြင်းမေတ္တာတွေရှိတယ် အဲ့ဒီချစ်ခြင်းမေတ္တာတွေမှာ စည်းတွေ၊ဘောင်တွေမရှိဘူး ကန့်သတ်ချက်နယ်နိမိတ်တွေမရှိဘူး မဆုံဆည်းနိုင်ခဲ့ဘူးဆိုရင်တောင်မှ လက်ပြနူတ်ဆက် ပြုံးပြနိုင်မယ်မလား......။ Unicode: နှလုံးသားရဲ့ နော...