Chapter-{13}

76 12 0
                                        

Zawgyi

တစ်လှမ်းချင်းလှမ်း၍ဝင်လာသော ထိုလူကြီးကိုကြည့်၍ ရှိုင်းဝေယံ အလွန်အံသြနေလေသည်။ဘေးနားက မင်းမင်းသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။

"နင်တို့ ဒီနေ့ အစောကြီးရောက်နေပါလား "
အနားရောက်လာသော မေသော်စစ် စကားလှမ်းပြောလိုက်မှ ရှိုင်းဝေယံတို့ သတိပြန်ဝင်လာတော့သည်။

"အော်..အေး ဒီကောင်ငရှိုင်းအရင်ရောက်နေတာ ငါကအခုမှရောက်တာ "
ဘေးနားက ကောင်လေးပြောတဲ့ ငရှိုင်းဆိုသော သူကို မင်းခက်ထန်ကြည့်လိုက်မိသောအခါ ချက်ချင်းမျက်မှောင်ကျုံ့မိလိုက်သည်။ဒီကောင်လေးနဲ့တွေ့ပြန်ပြီ ဘယ်လိုများ ဒီလောက်ရေစက်ဆုံနေရတာလဲ၊ငါ အကသင်ပေးရမှာ ဒီကောင်လေးကိုတော့ မဟုတ်လောက်ပါဘူးနော် စသည့် အတွေးမျိုးစုံခေါင်းထဲဝင်ရောက်သွားသည်။

"မေသော်စစ်"

"ဟုတ် အကိုမင်းခက်ထန် "

"ကို အကသင်ပေးရမှာ သူတို့လား "

"ဟုတ်တယ် အကို သူတို့ကိုသင်ပေးရမှာ ကျန်တဲ့သူတွေတော့မရောက်ကြသေးဘူး အခုလောလောဆယ်သူတို့နှစ်ယောက်ပဲရှိသေးတယ်
ဒါနဲ့ မိတ်ဆက်ပေးရအုံးမယ်
ဟဲ့ ရှိုင်းဝေယံတို့ ဒါက နင်တို့ကို အကသင်ပေးမယ့်အကိုမင်းခက်ထန်တဲ့"

ရှိုင်းဝေယံ စိတ်ပျက်သွားသည် ။တကယ်ဆို အခြားနာမည်ကြီးအကကျောင်းတွေကdancerတွေရှိရက်နှင့် ထိုလူနှင့်တူတူသင်ရမည်ဆိုသည်မှာ သူ့အတွက် ငရဲပြည်ဇောက်ထိုးဆင်းတာထက်ပင်ဆိုးရွားလွန်းသည်။မင်းမင်းကတော့နာမည်ကြီး group ခေါင်းဆောင်နှင့်သင်ရမည်မို့ ပျော်နေလေသည်။

"ကိုယ့်နာမည်က မင်းခက်ထန်ပါ ကိုယ်က သိပ်ပြီးတော်လွန်းလို့ မင်းတို့ကိုသင်ပေးမယ်ဆိုပြီး ဒီကိုလိုက်လာတာမဟုတ်ပါဘူး ကိုယ်သိသလောက်တတ်သလောက်ပညာလေးနဲ့ မင်းတို့ကို ကူညီပေးချင်လို့ပါ "

စရောက်လာထဲက စကားကြီးစကားကျယ်တွေပြောနေသော မင်းခက်ထန်ဆိုတဲ့လူကြီးကို ရှိုင်းဝေယံကြည့်မရပါ။အခုမှရောက်လာသော သူ့သူငယ်ချင်းများကလည်း တော်တော်ပျော်နေကြပြီး ထိုလူကြီးကို အရေးတယူဆက်ဆံနေကြသည်။

Behind The HeartWhere stories live. Discover now