Zawgyi
🎶🎶🎶🎶🎶Baby Don't Stop 🎶🎶🎶🎶🎶
သီချင်းပြီးဆုံးသွားတော့မှ ရှိုင်းဝေယံလဲ သတိပြန်ဝင်လာတော့သည်။စိတ်ထဲကနေတော့ မင်းခက်ထန်ကို ချီးကျူးမိသည်။အပြင်ပန်းတွင်တော့ စိတ်မဝင်စားချင်ယောင်ဆောင်နေလိုက်သည်။
"ဝိုး...... မိုက်တယ်ဗျာ အဲ့တာတွေကြောင့်လဲ နာမည်ကြီးနေတာကိုး..."
ချီးကျူးအမွှန်းတင်စကားများကြောင့် မင်းခက်ထန် နဲနဲတော့ အနေခက်လာသည်။ဟိုကောင်လေးကတော့ စိတ်ဝင်စားပုံမပေါ်။
သူ့ဘာသာ စိတ်ဝင်စားသည်ဖြစ်စေ၊မဝင်စားသည်ဖြစ်စေ ငါနဲ့မှမဆိုင်တာလေလို့ စိတ်ထဲကတွေးမိလိုက်သည်။"အဲ့လောက်လဲမဟုတ်ပါဘူးကွာ ဝါသနာပါလွန်းလို့ ကရင်းကရင်းနဲ့ ဒီအခြေအနေရောက်လာတာပါ မင်းတို့လဲ ကြိုးစားရင် ဖြစ်နိုင်တာပဲ
ကဲ ဒီနေ့တော့ ဒီလောက်နဲ့ပဲပြန်တော့မယ်
မနက်ဖြန်မှတွေ့ကြမယ် .""ဟုတ် အကို ကျွန်တော်တို့လိုက်ပို့ပေးမယ်လေ "
"ရတယ် ငါ့မှာ ကားပါတယ် မင်းတို့လဲ အတန်းတက်ရအုံးမှာမလား နောက်ကျနေအုံးမယ် သွားကြတော့ ငါလဲသွားပြီ
ဟိုချာတိတ် နောက်မှတွေ့မယ်"သူ့ကို ပြန်ခါနီး ခနဲ့စွာ နှုတ်ဆက်သွားသော ထိုလူကြီးကို ရှိုင်းဝေယံ လုံးဝကြည့်မရပေ။ကြည့်မရသောသူကို နောက်ရက်တွေမှာ ဘယ်လိုမျက်နှာချင်းဆိုင်နေရပါ့။
"ဟေ့ရောင်တွေ စာသင်ချိန်ရှိသေးတယ် သွားကြစို့
ငရှိုင်းသွားမယ်""အော် အေး သွားစို့လေ"
စာသင်ခန်းထဲရောက်တော့ ဆရာမ မလာသေးသည်နှင့် ရှိုင်းဝေယံ စဉ်းစားစရာများကို ထိုင်စဉ်းစားနေလေသည်။ ဘေးနားက မင်းမင်းကလဲ ရှိုင်းဝေယံကို ငြိမ်နေ၍ တခုခုဖြစ်နေသည်ဟုထင်ကာ စကားလာပြောလေသည်။
"ငရှိုင်း မင်းခုနထဲကဘာဖြစ်နေတာလဲ မျက်နှာကလဲမှုန်ကုတ်ကုတ်နဲ့ "
"ဘာမှမဖြစ်ပါဘူးကွာ စဉ်းစားစရာလေးတွေရှိလို့"
"မင်းတခုခုဖြစ်နေပါတယ် ဘာလဲ ငါ့ကိုတောင် မပြောပြချင်တော့ဘူးလား ကိုယ့်ဘော်ဒါအရင်းခေါက်ခေါက်ကို"
YOU ARE READING
Behind The Heart
RomansaZawgyi: နှလုံးသားရဲ့ နောက်ကွယ်မှာ ဖြူ စင်တဲ့ချစ်ခြင်းမေတ္တာတွေရှိတယ် အဲ့ဒီချစ်ခြင်းမေတ္တာတွေမှာ စည်းတွေ၊ဘောင်တွေမရှိဘူး ကန့်သတ်ချက်နယ်နိမိတ်တွေမရှိဘူး မဆုံဆည်းနိုင်ခဲ့ဘူးဆိုရင်တောင်မှ လက်ပြနူတ်ဆက် ပြုံးပြနိုင်မယ်မလား......။ Unicode: နှလုံးသားရဲ့ နော...