Chapter{19}

48 5 5
                                        


Unicode:

မင်းခက်ထန် ထိုအကြောတင်းကောင်လေးအနားသို့ တဖြေးဖြေးတိုးကပ်ရင်း သူ့ရဲ့ကိုယ်ရနံ့ကိုမသိမသာ ခိုးယူနမ်းရှိုက်မိသည်။ဘယ်လိုအကြောင်းကြောင့် အခုလိုလုပ်မိသလဲဆိုတာကိုတော့ သူကိုယ်တိုင်တောင် နားမလည်ခဲ့ပါ။ သေချာတာတစ်ခုကတော့ ထိုကောင်လေးနှင့်တွေ့ရလျှင် သူ အမြဲပြုံးမိသည်ဆိုတာပင်။

"ဟေ့လူကြီး ဟေ့လူကြီး ခင်ဗျားမတ်တပ်ကြီးသေသွားတာလား ဗျို့ ဟေ့လူကြီး...."

နားနားကို အတင်းကပ်လာပြီးအော်သော အသံဆိုးကြောင့် မင်းခက်ထန် အတွေးကမ္ဘာမှ အမြန်ထွက်ပြေးလာရသည်။

"ဘာလို့အသံဆိုးနဲ့တအားအော်နေရတာလဲကွ မင်းကြောင့် ငါနားကန်းတော့မယ်"

"ခင်ဗျားကို ခေါ်နေတာ ကြာလှပြီ အခုလိုအော်ခေါ်မှရတော့တယ် ခင်ဗျားကလေ ကျွန်တော်နဲ့အလုပ်အကြောင်းပြောနေတာကို စိတ်ကလွင့်နေတယ် မဟုတ်မှလွဲရော

ခင်ဗျား.........."

" ဘာ ဘာလဲ"

သူခိုးကို လူမိသလိုအကြည့်နဲ့ သူ့ကိုကြည့် နေတဲ့ကောင်လေး

ဘာလဲ ငါ သူ့အကြောင်းတွေးနေမိသွားတာကို သူသိသွားတာလား

မဟုတ်ဘူး ငါ မင်းအကြောင်းကို အမြဲတွေးနေတာ မဟုတ်ဘူးနော် အခု ခနလေးပဲ တွေးမိသွားတာ

"ခင်ဗျား မေသော်စစ်ညီမအကြောင်းကို တွေးနေတာမလား

ကျွန်တော်သိပါတယ် ခုနတုန်းကလဲ ခင်ဗျားအကြည့်တွေ သူ့ဆီမှာပဲရှိနေတာကို မြင်သားပဲ"

"နေပါအုံး ဒါဆိုရင် မင်းက ငါ့ကိုအချိန်ပြည့်လိုက်ကြည့်နေတာလား"

"မ မဟုတ်ပါဘူးဗျာ ခင်ဗျား စကားလမ်းကြောင်းမလွှဲနဲ့

မေသော်စစ်ညီမကို ခင်ဗျားကြိုက်နေတာမလား"

"ငါ့ဘာသာ သူ့ကို ကြိုက်ကြိုက် မကြိုက်ကြိုက် မင်းနဲ့ဘာဆိုင်လို့လဲ"

"ဆိုင်တယ် ကျွန်တော် သူ့ကိုစိတ်ဝင်စားလို့"

တည်ကြည်တဲ့မျက်ဝန်းအစုံဖြင့် သူ့ကိုစိုက်ကြည့်ကာ ပြောလာသောစကားကြောင့် မင်းခက်ထန်ရဲ့နှလုံးသားလေး လစ်ဟာသွားသလို ခံစားရလိုက်သည်။ဘာအကြောင်းကြောင့်ဆိုတာကိုတော့ မင်းခက်ထန်ကိုယ်တိုင်မသိခဲ့ပါ။သိဖို့လဲ ကြိုးစားချင်စိတ်မရှိတော့။ခရစ်စတင်းက ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက်ဖြစ်သောကြောင့် ရင်ခုန်မိနေတာတော့ မှန်သည်။ သို့သော် ချစ်သူတစ်ယောက်အဖြစ်ရွေးချယ်ပြီး တစ်ဘဝလုံးလက်တွဲသွားဖို့အထိတော့ နှလုံးသားက လိုချင်တောင့်တမှုမရှိသေး။

Behind The HeartWhere stories live. Discover now