Zawgyi:
လေဆိပ်တွင် ခရီးသွားမည့်သူများ၊ခရီးကနေပြန်လာတဲ့သူများဖြင့် များပြားစည်ကားလျက်ရှိသည်။ထိုလူများထဲတွင် သန့်သန့်ပြန့်ပြန့် စမတ်ကျကျနှင့်လူတစ်ယောက်လဲ ပါဝင်သည်။
လမင်းထက်(Leo)တစ်ယောက်
နိုင်ငံခြားကနေမြန်မာနိုင်ငံကို ပြန်လာခဲ့ပြီဖြစ်သည်။နိုင်ငံရပ်ခြားတွင် လေ့လာဆည်းပူးခဲ့သောပညာဝမ်းစာများပြည့်ဝနေပြီဖြစ်သည့်အတွက် မိမိနိုင်ငံသို့ အလုပ်အကျွေးပြုရန်
ပြန်လာခဲ့ခြင်းဖြစ်သည်။
လမင်းထက်သည် ဆရာဝန်ဘွဲ့အတွက်
ကျောင်းစရိတ်ကို မိဘတွေဆီက အထောက်အပံ့အပြည့်အဝမရရှိခဲ့ပါ။လမင်းထက်သည် Broken Familyကနေဆင်းသက်လာသူဖြစ်သည်။ သူ့အမေက single mother အဖြစ် သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့အမေမျိုးဖြစ်သည်။ လမင်းထက် ဆေးကျောင်း နောက်ဆုံးနှစ်ရောက်မှ သူ့အမေရဲ့ ကုန်သွယ်ရေးလုပ်ငန်းဟာ အအောင်မြင်ဆုံး အခြေအနေတစ်ခုသို့ရောက်ရှိလာခဲ့ပါသည်။
လမင်းထက်ရဲ့အမေ ဒေါ်သဲမာသည် သူ့သားလေး အရင်က အချိန်ပိုင်းအလုပ်တွေ လုပ်သည်ကို မကြည့်ရက်ပေမဲ့ သည်းညည်းခံပြီး အခုလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်အောင် သူကြိုးစားခဲ့သည်။
ယခုတွင် သူတို့ သားအမိနှစ်ယောက်၏ ဘဝဟာ ပန်းခင်းလမ်းမှာလျှောက်နေရသကဲသို့ဖြစ်နေချေပြီဖြစ်သည်။ လမင်းထက် ဆေးကျောင်းပြီးတော့ နိုင်ငံခြားကို ပညာတော်သင်စေလွှတ်ခဲ့သည်။ လမင်းထက် ကလည်း ဘဝမမေ့ပဲကြိုးစားနေသည့်လူငယ်တစ်ယောက်ဖြစ်သည်။အချိန်တိုင်းသူ့ခေါင်းထဲတွင်စာပဲအမြဲရှိနေခဲ့သည်။
ယခု လမင်းထက်တစ်ယောက် UKကနေ MRCPဘွဲ့ နဲ့ မြန်မာနိုင်ငံကို သမားတော်အဖြစ် ပြန်လာခဲ့သည်။
သူ့အမေဒေါ်သဲမာလည်း သူ့ရဲ့ တစ်ဦးတည်းသောသားလေ (UK)မှာ ကျောင်းတက်နေစဉ်အတွင်း 5နှစ်နီးပါးခွဲနေခဲ့ရသဖြင့် လွမ်းနေရှာသည်။ယခုမူ သမားတော်ကြီး လမင်းထက်အဖြစ် ပြန်လာခဲ့လေပြီဖြစ်သည်။

YOU ARE READING
Behind The Heart
RomanceZawgyi: နှလုံးသားရဲ့ နောက်ကွယ်မှာ ဖြူ စင်တဲ့ချစ်ခြင်းမေတ္တာတွေရှိတယ် အဲ့ဒီချစ်ခြင်းမေတ္တာတွေမှာ စည်းတွေ၊ဘောင်တွေမရှိဘူး ကန့်သတ်ချက်နယ်နိမိတ်တွေမရှိဘူး မဆုံဆည်းနိုင်ခဲ့ဘူးဆိုရင်တောင်မှ လက်ပြနူတ်ဆက် ပြုံးပြနိုင်မယ်မလား......။ Unicode: နှလုံးသားရဲ့ နော...