Zawgyi:
အချစ်ဆိုတာ သိပ်ဆန်းကြယ်တဲ့အရာပဲ
____________________________________♥"ဒေါ်လေး "
"ဟော ကမ္ဘာ စောစောစီးစီး ဒေါ်လေးတို့အိမ်ကိုမလာစဖူး လာနေပါ့လား"
"ဟုတ်တယ် ဒေါ်လေး ကျွန်တော်ဒီနေ့ ရှိုင်းနဲ့အတူတူကျောင်းသွားမလို့ အဲ့တာ အိမ်ကနေစောထွက်ခဲ့တာ ရှိုင်းရော လေ့ကျင့်ခန်းသွားလုပ်တာ ပြန်မလာသေးဘူးလား"
"အမလေး သားရဲ့ညီက ဒီနေ့ဘာဖြစ်တယ်မသိဘူး အခုချိန်ထိအိပ်ယာက မထသေးဘူး ခုဏက ဒေါ်လေးသွားနှိုးသေးတယ် မနိုးဘူး အဲ့တာနဲ့ ထပ်မနှိုးတော့တာ "
"အဲ့တာဆို ကျွန်တော်ပဲ သွားနှိုးလိုက်တော့မယ် ဒေါ်လေး "
"အေးအေး သားရေ ပြီးရင် သားညီနဲ့အတူတူမနက်စာတခါထဲစားသွား ဒေါ်လေး နန်းကြီးသုတ်ထားတယ် "
"ဟာ ရှယ်ပဲ..
စိတ်ချ အန်တီ စားသွားမှာ အခုတော့ ရှိုင်းကိုသွားနှိုးလိုက်အုံးမယ်""အေး အေး ဒေါ်လေးပြင်ထားလိုက်မယ် "
"ဟုတ် ဒေါ်လေး"
ရှိုင်းဝေယံ၏အမေ ဒေါ်မိုးမိုးခင်နဲ့ နွေဦးကမ္ဘာ၏အမေ ဒေါ်သက်သက်ခင်တို့သည် အလွန်ချစ်ခင်ကြသောညီအမအရင်းများဖြစ်လေသည်။ အိမ်ထောင်ကျပြီး တစ်ယောက်တစ်အိမ်ဆီနေကြပေမယ့် အမြဲအဆက်အသွယ်မပြတ်ပဲ အရင်လို ချစ်ချစ်ခင်ခင်ရှိနေကြတုန်းပင်ဖြစ်သည်။ရှိုင်းဝေယံ၏အဖေကတော့ မရှိတော့ပေ။ ရှိုင်းဝေယံ ဆယ်နှစ်သားအရွယ်ထဲက ဆုံးပါးသွားပြီဖြစ်သည်။
နွေဦးကမ္ဘာရဲ့မေမေ ဒေါ်သက်သက်ခင်ကလည်း တစ်ဦးထဲရှိသော သူ့ညီမကို သူတို့နဲ့လာနေရန်ပြောသော်လည်း ဒေါ်မိုးမိုးခင်က လိုက်မနေပေ။ မာနထား၍ လိုက်မနေခြင်းမဟုတ် ။အစ်မအပေါ် ဒုက္ခမပေးလို၍ဖြစ်သည်။ရှိုင်းဝေယံ၏အဖေချန်ထားခဲ့သော ပစ္စည်းများကိုထုခွဲရောင်းချပြီး စီးပွားရေးလုပ်ကာ သားအမိနှစ်ယောက် ဘယ်သူ့အကူအညီမှမယူပဲ အခုချိန်ထိ ကောင်းကောင်းမွန်မွန်၊ချမ်းချမ်းသာသာနဲ့ နေနိုင်နေစဲဖြစ်သည်။
"ဟေ့ ရှိုင်း ထတော့
ဟေ့ကောင် ငရှိုင်း""အင်......."
YOU ARE READING
Behind The Heart
RomanceZawgyi: နှလုံးသားရဲ့ နောက်ကွယ်မှာ ဖြူ စင်တဲ့ချစ်ခြင်းမေတ္တာတွေရှိတယ် အဲ့ဒီချစ်ခြင်းမေတ္တာတွေမှာ စည်းတွေ၊ဘောင်တွေမရှိဘူး ကန့်သတ်ချက်နယ်နိမိတ်တွေမရှိဘူး မဆုံဆည်းနိုင်ခဲ့ဘူးဆိုရင်တောင်မှ လက်ပြနူတ်ဆက် ပြုံးပြနိုင်မယ်မလား......။ Unicode: နှလုံးသားရဲ့ နော...