Zawgyi :
ညကလည်း မည်းမှောင်နေသည်။
မိုးကလည်း သည်းထန်စွာရွာသွန်းနေပါသည်။
ယခုညသည် ခန့်ထည်ဝါ (Jhon)အတွက်တော့
သူ့ချစ်သူကောင်လေးရဲ့သစ္စာဖောက်ခြင်းကို
ခံခဲ့ရသည်ညဖြစ်သည်။
ခန့်ထည်ဝါသည်သူနှင့်တွဲနေသည့် သူ့ရဲ့ချစ်သူကောင်လေးကို အရမ်းချစ်သည်။သို့သော်သူ့ကောင်လေးသည် လူတိုင်းနှင့် ဟိုတယ် ၊တည်းခိုခန်းများတွင် ဖြစ်ချင်တိုင်းဖြစ် အသက်ကြီးတဲ့လူတွေဆီက ခြူ စားနေရုံသာမက .ခန့်ထည်ဝါ၏ အချစ်တွေကိုလည်းလိမ်ညာလှည့်ဖျားနေခဲ့သည်။တစ်နေ့တွင်ခန့်ထည်ဝါသည် ကိစ္စတစ်ခုနဲ့ ဟိုတယ်သွားတုန်း သူ့ကောင်လေးကိုအခြားတစ်ယောက်နှင့် ဟိုတယ်မှာ တွေ့လိုက်သည်။ ထို့နောက် မသကာင်္သဖြင့် အနောက်ကနေလိုက်ပြီးကြည့်သောအခါ ဟိုတယ်ခန်းထဲတွင် သူ မထင်ထားနိုင်လောက်အောင်ကို အောက်တန်းကျလွန်းသည့် မြင်ကွင်းကိုမြင်ခဲ့ရသည်။
ခန့်ထည်ဝါ ဝမ်းနည်းပူလောင်မှု နာကျင်မှုအပြည့်နဲ့ တိတ်တိတ်ကလေး အခန်းမှ ခွာကာ ဟိုတယ်အပြင်ဘက်သို့ထွက်လာခဲ့သည်။
ထိုစဉ်မိုးတွေကလည်းတဖွဲဖွဲရွာသွန်းနေသည်။
သူကားမောင်းနေရင်း အတိတ်က အမှတ်တရတွေကို ပြန်တွေးကာ ငိုနေရှာသည်။ ကံဆိုးစွာနဲ့ မိုးကလည်းအရမ်းသည်းနေခဲ့သည်။ခန့်ထည်ဝါလည်း အရမ်းပူဆွေးနေချိန်ဖြစ်သဖြင့် ကားကို ကောင်းကောင်းမမောင်းနိုင်ပဲ ဖြစ်နေခဲ့သည်။ ရှေ့မှာလာနေတဲ့ ကားကို အနီးရောက်မှမြင်မိပြီး ရှောင်လိုက်သောအခါ သစ်ပင်အိုကြီးသို့ ခန့်ထည်ဝါ ဝင်စောင့်မိသည်။
(6)ရက်ခန့်ကြာသော်......
"မြေး ....ခန့်ထည်ဝါ
မြေးလေး သတိရလာပြီလားငါ့မြေး"ပထမဆုံးတွေ့လိုက်ရသည်မှာ အဖိုးဖြစ်သူ ဒေါက်တာဦးမောင်မောင်၏ ပူပင်သောကဖြစ်နေရှာသော ရုပ်သွင်ပြင်ဖြစ်သည်။

YOU ARE READING
Behind The Heart
RomanceZawgyi: နှလုံးသားရဲ့ နောက်ကွယ်မှာ ဖြူ စင်တဲ့ချစ်ခြင်းမေတ္တာတွေရှိတယ် အဲ့ဒီချစ်ခြင်းမေတ္တာတွေမှာ စည်းတွေ၊ဘောင်တွေမရှိဘူး ကန့်သတ်ချက်နယ်နိမိတ်တွေမရှိဘူး မဆုံဆည်းနိုင်ခဲ့ဘူးဆိုရင်တောင်မှ လက်ပြနူတ်ဆက် ပြုံးပြနိုင်မယ်မလား......။ Unicode: နှလုံးသားရဲ့ နော...